🐻3🐻

3.7K 208 18
                                    

Unicode

ထယ်ယောင်းတစ်ယောက် ရုံးသွားဖို့အတွက် ပြင်ဆင်ပြီး...အခန်းထဲက ထွက်လာလေသည်။

"အစ်ကို..."

"ပြောလေ ချယ်ရီ..."

"ချယ်ရီ ဝယ်စရာလေးတွေရှိလို့...market သွားဖို့လေ..."

"သွားလေ...ဂျွန်းလေးကို ကိုယ်ရုံးခေါ်သွားလိုက်မယ်..."

"ဂျွန်းလေးကို ချယ်ရီခေါ်သွားလိုက်ပါ့မယ်..."

"ရတယ်...ကိုယ့်သူဌေးက ဂျွန်းလေးကို တွေ့ချင်တယ်ဆိုလို့ ခေါ်သွားမလို့လေ..."

"ဟုတ်အဲ့ဒါဆို...နို့ဘူးထည့်ပေးလိုက်မယ်နော်..."

"ဟုတ်ပြီ..."

ထယ်ယောင်းလဲ ချယ်ရီထည့်ပေးသော နို့ဘူးအားယူကာ...ချယ်ရီကိုနှုတ်ဆက်ကာ...Taxiဌားပြီး Company သို့ထွက်လာလိုက်လေသည်။

ဂျွန်းလေးအားချီကာ...ရုံးထဲဝင်လာသော ထယ်ယောင်းအား...အားလုံးက ဝိုင်းကြည့်နေပေမဲ့ ထယ်ယောင်းက ဂရုမစိုက်စွာပင် Ceoအခန်းရှေ့က...သူ့၏အလုပ်စားပွဲပေါ်တွင် ဝင်ထိုင်လိုက်ပြီး...ဂျွန်းလေးအား ဘေးက ခုံမှာထိုင်စေလိုက်သည်။

ဘာမှမစားလာသော ဂျွန်းလေးအား အရင်ဆုံး နို့ဘူးတိုက်လိုက်လေသည်။

ဂျွန်းလေးက အေးဆေးနေတက်သော ကလေးဖြစ်တာကြောင့် ငိုမှာကိုလဲ စိတ်မပူရသောကြောင့် ခေါ်လာမိခြင်းဖြစ်သည်။

ဂျောင်ဂုသည် သူ့အဖေနဲ့ ရန်ဖြစ်ပြီး ဒေါသထွက်ထွက်နဲ့ အခန်းထဲဝင်ဖို့လုပ်ချိန်...စားပွဲပေါ်တွင် ထိုင်နေသော ကလေးအား...စကားပြောကာ ရီနေသော ထယ်ယောင်းကြောင့်...ထိုကလေးက ထယ်ဂျွန်းလေးမှန်းသိသွားပြီး...ဂျောင်ဂုသည် အလုပ်ခန်းထဲမဝင်တော့ဘဲ ထယ်ယောင်းစားပွဲရှိရာသို့ ဉီးတည်လာလေသည်။

"ထယ်ဂျွန်း?..."

ေဂျာင်ဂုအသံကြောင့် ထယ်ဂျွန်းလေးက လှည့်ကြည့်လာပြီး...ထယ်ယောင်းကလဲ မတ်တပ်ထရပ်လေသည်။

"မနေ့ညက ဂျွန်းလေးနဲ့ စကားပြောတဲ့ကိုကိုလေ..."

ဂျောင်ဂုက ဂျွန်းလေးအား...ထိုသို့ပြောတော့...ဂျွန်းလေးက မှတ်မိသွားပြီး...လက်လေးဆန့်ထုတ်ကာ...ဂျောင်ဂုအား...ချီခိုင်းလေသည်။

✿︎𝚕𝚘𝚟𝚎 𝚒𝚜 𝚖𝚢𝚜𝚝𝚎𝚛𝚒𝚘𝚞𝚜✿︎(Completed )Where stories live. Discover now