🐻6🐻

3.1K 180 11
                                    

Unicode

တီး...တီး

ထယ်ယောင်း ပိတ်ရက်မို့ ရေချိုးခန်းထဲက ထွက်လာချိန်...ဖုန်းလာသောကြောင့် ကိုင်လိုက်လေသည်။

"ဟယ်လို..."

"ဟုတ်အိမ်မှာပါ...အမေ..."

ထယ်ယောင်းအမေသည် သူမအိမ်ကို အလည်လာခိုင်းနေသောကြောင့် ထယ်ယောင်းလဲ ချယ်ရီနဲ့ဂျွန်းလေးကိုခေါ်ကာ အတူသွားဖို့ ဆုံးဖြတ်လိုက်လေသည်။

"ချယ်ရီ..."

ထယ်ယောင်းသည် ဟင်းချက်နေသော ချယ်ရီအား...။

"ချယ်ရီ...ကိုယ့်အမေက အိမ်အလည်ခေါ်လို့ ဒီနေ့သွားရအောင်နော်..."

"ဟုတ်...အစ်ကို ချယ်ရီ ဂျွန်းလေးကို ရေချိုးပေးပြီး ပြင်ဆင်ပေးလိုက်ပါ့မယ်..."

"ရတယ် ချယ်ရီ...ချယ်ရီသာ ပြင်ဆင်လိုက်နော်...ကိုယ်ဂျွန်းလေးကို အပေါ်ထပ်က ရေချိုးခန်းမှာ...ရေချိုးပေးလိုက်မယ်..."

ချယ်ရီလဲ လုပ်နေတာကို လက်စသတ်ကာ...ရေချိုးရန်သွားလေသည်။

ထယ်ယောင်းလဲ...အိမ်ရှေ့မှာဆော့နေသော ဂျွန်းလေးအား ချီကာ...အပေါ်ထပ်က ရေချိုးခန်းသို့ ဉီးတည်လိုက်လေသည်။

​ဖြူဖြူလုံးလုံးနဲ့ ထယ်ယောင်းနဲ့ချွတ်စွတ်တူသော ဂျွန်းလေးက ရေချိုးကန်ထဲတွင် ဆပ်ပြာမြုပ်များနဲ့ ဆော့နေလေသည်။

" ဂျွန်းလေး...ဆပ်ပြာမဆော့နဲ့လေ အမြုပ်တွေ ပါးကိုစင်တယ်လေ..."

"ခစ်ခစ်...ပါးကလဲ..."

တစ်ခစ်ခစ်နဲ့ရီနေသော...ဂျွန်းလေးအား အမြန်ပင် ရေချိုးပေးရသည် ကြာသွားရင် အအေးပတ်မှာဆိုးသောကြောင့် ဖြစ်သည်။

ဂျွန်းလေးကို ထယ်ယောင်းသည် ရေချိုးေပးပြီးတော့ အညိုရောင်အကျီနဲ့ ဘောင်းဘီလေး ဝတ်ပေးကာ သူလဲ အညိုအကျီနဲ့ ဘောင်းဘီအား ဂျွန်းလေးနဲ့ ဆင်တူဝတ်ပြီး အောက်ထပ်သို့ဆင်းလာ လိုက်လေသည်။

"အစ်ကိုတို့ သားဖက ဆင်တူတွေနဲ့ပါလား..."

"ဟုတ်တယ်...ချယ်ရီ...သွားကြဆို နောက်ကျတော့မှာပဲ..."

ချယ်ရီသူမကတော့ ပန်းရောင်အနုဂါဝန် ဒူးဖုံးလေးအား လှလှပပဝတ်ဆင်ထားပြီး သူမရဲ့ ခါးထိရှည်လျားနေသော ဆံနွယ်အား ချီထားလေသည်။

✿︎𝚕𝚘𝚟𝚎 𝚒𝚜 𝚖𝚢𝚜𝚝𝚎𝚛𝚒𝚘𝚞𝚜✿︎(Completed )Where stories live. Discover now