🐻10🐻

3K 162 7
                                    

Unicode

ဂျောင်ဂုသည် သူ့အပြောအတိုင်းပင် ညနေကျ ထယ်ယောင်းစားပွဲအရှေ့ ထပ်ရောက်လာလေသည်။

" ကျွန်တော် ပြောထားတာမှတ်မိလား..."

"အင်း..."

"အဲ့ဒါဆို လိုတာတွေဝယ်ဖို့ သွားကြရအောင်..."

"ဟုတ်ပြီ..."

ထယ်ယောင်းလဲ လုပ်လက်စအလုပ်ကို ရပ်တန့်က မနက်ထဲကထိုင်ပြီး အလုပ်လုပ်နေတာကြောင့် တွန့်ကြေနေသော...အကျီနဲ့ဘောင်းဘီးအား သေချာပြန်လုပ်လိုက်ပြီးလေသည်။

"တက်ပါ..."

ဂျောင်ဂုသည် သူ့ကားရှေ့ရောက်တော့ တံခါးဖွင့်ပေးကာ ထယ်ယောင်းအားအရင်ဝင်စေသည်။

ထိုအခိုက်အတန့်တွင် ထယ်ယောင်းသည် ဂျောင်ဂု၏ အလုပ်ရှင်လိုပင် ကိုယ့်ကိုယ်ကိုယ် ခံစားမိသွားသည်။

ထယ်ယောင်းလဲ အရင်ကားထဲဝင်လိုက်ပြီး သိပ်မကြာခင်မှာပဲ ဂျောင်ဂုက ကားမောင်းသူနေရာမှာဝင်ထိုင်လေသည်။

ပါးစပ်မှာလဲ ဆေးလိပ်တစ်လိပ်ခဲထားကာ ထယ်​
ယောင်းဘက်လှည့်ကာ အငွေ့အား မှုတ်ထုတ်လိုက်လေသည်။

"အဟွတ်...အဟွတ်...ဂျွန်ဂျောင်ဂု ငယ်ငယ်ရွယ်ရွယ်နဲ့ အတက်ကောင်းတွေတက်နေတယ်ပေါ့လေ..."

"ဟင်...အသက်ပြည့်ပြီးသား လူငယ်တွေအကုန်သောက်နေကျပဲလေ...အစ်ကိုမကြိုက်လို့လား..."

"အစ်ကို??..."

"ခင်ဗျားကို ခေါ်တာလေ..."

"အင်း...ငါမကြိုက်ဘူး ငါကဆေးလိပ်ဆိုအနံ့တောင် ခံနိုင်တာမဟုတ်ဘူး...ပြီးတော့ ဆေးလိပ်သောက်တာက အဆုတ်ကိုဘယ်လောက်ထိခိုက်စေလဲ မင်းမသိဘူးလား..."

"ကျွန်တော်သိပါတယ်...တစ်ခါတစ်လေပဲ သောက်တာပါ..."

"အင်း...အသက်ရှည်ရှည်နေချင်ရင် ဆေးလိပ်ဖျက်ဖို့လုပ်တော့..."

"အင်းပါ..."

"ကားထွက်ဖို့လုပ်တော့ မင်းလုပ်တာနဲ့ ညနေစောင်းတော့မှာပဲ..."

"ဟားဟား... ဟုတ်ပ..."

ဂျောင်ဂုလဲ ကားကိုစတင်ထွက်တော့သည်။

✿︎𝚕𝚘𝚟𝚎 𝚒𝚜 𝚖𝚢𝚜𝚝𝚎𝚛𝚒𝚘𝚞𝚜✿︎(Completed )Where stories live. Discover now