🐻18🐻final

4.8K 179 26
                                    

Unicode

ဒီနေ့က ထယ်ယောင်းနဲ့ ဂျောင်ဂုရဲ့ လက်ထပ်ပွဲနေ့ဖြစ်သည်။

ထယ်ယောင်းကတော့ မိတ်ကပ်လိမ်းနေလေသည်။

နှဂိုလှပြီးသား ထယ်ယောင်းမျက်နှာလေးကို မိတ်ကပ်လေးနည်းနည်းပုတ်လိုက်တော့ နတ်သားလေးလိုပင် လှသွားလေသည်။

ဂျောင်ဂုသည် ဝတ်စုံအပြည့်ဝတ်ကာဖြင့် ထယ်ယောင်းမိတ်ကပ်လိမ်းနေသော အခမ်းထဲဝင်လာကာ ထယ်ယောင်းအား မေးထောက်ကာ တစိမ့်စိမ့်ကြည့််နေလေသည်။

ထယ်ယောင်းတောင် မိတ်ကပ်လိမ်းနေရင်း ဂျောင်ဂုအကြည့်ကြောင့် ရှက်လာရလေသည်။

ဂျွန်ဂျောင်ဂု မိတ်ကပ်လိမ်းပေးနေတဲ့ အမတွေရှိတာတောင် ဘယ်လိုဖစ်နေတာဘာလိမ့်...။

ထယ်ယောင်းသည် စိတ်ထဲကပင် ပြောလိုက်မိသည်။

ထယ်ယောင်းပြီးသွားတော့ ဂျွန်းလေးက အနောက်တိုင်းဝတ်စုံအပြည့်လေးဖြင့် ချစ်ဖို့ကောင်းနေကာ ထယ်ယောင်းအရှေ့ရပ်ကာ...။

"ပါးက...လှလိုက်တာ..."

သူ့ဒယ်ဒီအတိုင်းပင် ထယ်ယောင်းပေါင်ပေါ်လှမ်းထိုင်ကာ ထယ်ယောင်းမျက်နှာအား မေ့ကြည့်ကာ ငြိမ်ငြိမ်လေးထိုင်နေလေသည်။

သားအဖနှစ်ယောက်လုံး ကြည့်တာကအစတူလေသည်။

"အာ...ကျွန်တော်တောင် ဂျွန်းလေးလို ထိုင်ချင်သွားပြီ..."

" မကြီးမငယ်နဲ့..."

"ဟားဟား... စတာပါဗျာ...အဲ့ဒါဆိုကျွန်တော်အပြင်မှာစောင့်နေမယ်နော်..."

ဂျွန်းလေးကို ဂျောင်ဂုချီကာ အပြင်သို့ပြန်ထွက်သွားလေသည်။

ထယ်ယောင်းသည် အကုန်ပြင်ဆင်ပြီးတော့ ထယ်ယောင်းသည် သူ့ဖေဖေလက်မောင်းကိုချိတ်ကာ ေလျှာက်လမ်းတစ်လျှောက် လျှောက်လာလေသည်။

လျှောက်လမ်းအဆုံးတွင် စောင့်နေသော ဂျောင်ဂုလက်ကိုပြောင်းချိတ်လိုက်ကာ တစ်ယောက်နဲ့တစ်ယောက် ကတိသစ္စာ တွေဆိုကာ ဘက်ထပ်ပွဲက အဆင်ပြေချောမွေ့စွာဖြင့်အဆုံးသတ်သွားလေသည်။

လက်ထပ်ပွဲ ပြီတော့ ညစာစားပွဲကို ဂျောင်ဂုအိမ်တွင်လုပ်လေသည်။

You've reached the end of published parts.

⏰ Last updated: Nov 25, 2023 ⏰

Add this story to your Library to get notified about new parts!

✿︎𝚕𝚘𝚟𝚎 𝚒𝚜 𝚖𝚢𝚜𝚝𝚎𝚛𝚒𝚘𝚞𝚜✿︎(Completed )Where stories live. Discover now