🐻7🐻

2.9K 176 11
                                    

Unicode

ထယ်ယောင်းသည် အမေတို့ အိမ်ကပြန်လာတော့ ဂျောင်ဂုအကြောင်းကိုပဲ တွေးနေမိလေသည်။

ဘယ်လောက်တောင် ဂျောင်ဂုအကြောင်းတွေးနေမိလဲမသိ ညနေစောင်းတောင် ရောက်နေပြီဖြစ်သည်။

ဂျောင်ဂုအကြောင်း တွေးနေတာကို ရပ်ကာ ထယ်ယောင်းသည်  အခန်းသန့်ရှင်းရေးအနည်းငယ် လုပ်ရင်း ကုတင်အောက်က ဘူးတစ်ဘူးအားဆွဲထုတ်ကာ ဖုန်တွေတက်နေသောကြောင့် ထိုဘူးအား ဖုန်ခါရင်း ဖွင့်ကြည့်လိုက်တော့ ချယ်ရီနဲ့သူ့၏ လက်ထပ်စာချုပ်ကြီး ထွက်လာလေသည်။

ထယ်ယောင်းသည် ချယ်ရီနဲ့ အကျဉ်းချုပ်သာ လက်ထပ်လက်မှတ်ပဲ ထိုးခဲ့ကြပြီး မဂ်လာဆောင်ဓာတ်ပုံ တစ်ပုံမျှပင် မရှိခဲ့ပါ...။

ထယ်ယောင်းသည် အရင်အကြောင်းတွေ ပြန်တွေးရင်း ဘဝမှာ လက်ထပ်ပွဲကို တစ်ခန်းတနား ထယ်ယောင်း လုပ်ချင်ခဲ့ပေမဲ့ မလုပ်ဖြစ်ခဲ့ပေ...။

ထယ်ယောင်းသည် အရင်အကြောင်းတွေ ပြန်တွေးရင်း ပင့်သက်ရှိုက်မိသွားလေသည်။

ထယ်ယောင်းသည် ထိုဘူးအား သန့်ရှင်းရေးလုပ်ပြီး ကုတင်အောက်သို့ ပြန်ထည့်လိုက်လေသည်။

"အစ်ကို..."

ထယ်ယောင်း အနောက်လှည့်ကြည့်လိုက်တော့ ချယ်ရီက ဘယ်ချိန်ထဲက အခန်းထဲရောက်နေလဲမသိ ထယ်ယောင်းအား ကြည့်နေလေသည်။

"ပြောလေ...ချယ်ရီ..."

"ချယ်ရီက အသက်လဲ သိပ်မကြီးသေးတော့ Uniတက်ချင်လာလို့ အစ်ကို့ကို လာတိုင်ပင်တာပါ..."

ချယ်ရီစကားကြောင့် ထယ်ယောင်း အနည်းငယ် တွေးလိုက်ပြီးမှ...။

"တက်လေ...ချယ်ရီသဘောပါပဲ...အစ်ကိုလိုအပ်တာတွေ မနက်ဖြန်လိုက်ဝယ်ပေးမယ်လေ...အစ်ကိုလဲ မနက်ဖြန်တစ်ရက်ရုံးပိတ်တော့..."

" ကျေးဇူးတင်ပါတယ် အစ်ကို...ချယ်ရီလုပ်ချင်တာကို နှစ်ခါမပြောပဲ လုပမခွင့်ပေးလို့..."

"ကျေးဇူးတင်စရာမလိုဘူး...ချယ်ရီ...မင်းသာစာကြိုးစားလုပ်ပြီး ဘွဲ့ယူရမယ်ဟုတ်ပြီလား..."

"ဟုတ်အစ်ကို..."

"အစ်ကိုက ချယ်ရီကို နေ့တိုင်းလိုက်မပို့ပေးနိုင်လို့...အစ်ကို့အသိနဲ့ ကားအကြိုအပို့လုပ်ပေးမယ်နော်..."

✿︎𝚕𝚘𝚟𝚎 𝚒𝚜 𝚖𝚢𝚜𝚝𝚎𝚛𝚒𝚘𝚞𝚜✿︎(Completed )Where stories live. Discover now