{Unicode }
၂၀၂- ခုနှစ်...
Cyber International University...
"ရန်စွယ်ခ..."
နောက်ကျောဘက်မှ ခေါ်သံကြောင့် ကားparking မှာ ရပ်ထားသည့် မိမိကားတံခါးကို တစ်ချက်ပိတ်လိုက်မိသည်...။ ထို့နောက် ကိုယ်ပေါ်မှ project draft ထည့်ထားသည့် ဗူးကို တစ်ဖက်လွယ်လိုက်သည်...။ ထို့နောက် ဖုန်းနှင့် laptop အိတ်ကိုလည်း သေချာစွာ ကားထဲကို ထည့်လိုက်ပြီးအသံကြားရာဘက်သို့ လှည့်ကြည့်မိလိုက်သည်...။
ထိုသူ့ကို မြင်လိုက်သည်နှင့် အပြုံးတစ်ခု ဆင်မြန်းလိုက်မိသည်...။ထိုအပြုံးကို မြင်ချိန်မှာတော့ ထိုသူက ... သူ့ကို ခနဲ့တဲ့တဲ့ လုပ်တာကို မကြိုက်သလို ရည်းစားလူလု အူနုကျွဲခတ်ဆိုတော့လည်း...
"ပြော ငါ သိပ်မအားဘူး..."
ထိုစကားအဆုံးမှာတော့ ထိုသူက ....
"မင်း... ငါ့ပုလဲကို ဘယ်လိုလုပ်..."
"အဲ့ဒါကို ကျုပ်က တကူးတက ရှင်းပြရမှာလား? One Night Stand လေ ကိစ္စမှ မရှိတာ...။ No more drama..."
"မင်း မိုက်ရိုင်းလှချည်လား? အခု သူ့မှာ နှစ်လကျော်နေပြီကွ...။"
"ဟုတ်လား? ကျုပ် အကာအကွယ် ပေါက်ခဲ့တယ်... ထင်တယ်... အဟက်..."
ထိုစကားအဆုံးမှာတော့ ထိုသူ့မျက်နှာက လငပုပ်ဖမ်းသည့်နှယ် ဒေါသကြောင့် နီရဲနေသည့် မျက်ဝန်းများနှင့်အတူ... မိမိဆီသို့ တိုးလာလေပြီ...။
ဒီအတိုင်းဆို ဒီလူအုပ်ကို အေးဆေးနေနိုင်ပေမယ့် သူတို့ဘက်က ..
အင်း... အနံ့တစ်ခု နှာခေါင်းထဲ တိုးဝင်လာသည့် အနံ့နှင့်အတူ ဘာကိုမှ မတွေးတောနိုင်တော့ဘဲ ခေါင်းထဲမှာ ဗလာနတ္ထိ...။
"ကိုထက် အဲ့ဒီကောင်ကို ဘယ်အနား သွားပစ်ကြမလဲ...?"
"ဒီကျောင်းရဲ့ အနုပညာခန်းမ ရှိသလို... ဒီကျောင်းရဲ့ အနောက်မှာ ဘုရားအို ပျက်နေတာ ရှိတယ်...။ အဲ့ဒီကို သွားပစ်လိုက်ရမလား?"
"ဘုရားဘက်ကဆို ဒီအချိန်နဲ့ ရှုပ်နေမယ်... ကျောင်းနောက်ဘက်က ရှေးဟောင်းပစ္စည်းတွေ ထားတဲ့ အနုပညာခန်းမ ရှိတယ်...။ ဒီနေရာဆို သိပ်သိမှာ မဟုတ်ဘူး ...။ ဒီဆေးက ၆နာရီလောက်ဆိုရင် သူ့ဘာသာပြတယ်...။ သူ့ဘာသာ ရှင်းသွားလိမ့်မယ်... အရင်တုန်းကလဲ သူက ဆေးသုံးဖူးတာတွေ ရှိတော့... ဆေးလွန်ပြီး သေတယ်လို့ပဲ ထင်တယ်..."

YOU ARE READING
My Emergency Food{မင်းကို ငါက အစိုးရတဲ့သူ... Complete}
Randomအခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...