{Unicode}
....သက်လယ်...
သက်လယ် ရွှေသွေးရယ်... မကြင်နာ စိမ်းတော့ စိမ်းရက်တယ်။****
တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့
ရဲတံခွန်တွေ လေကစား.. ကြွားတလူလူဝေ
တပ်ဦးဆီ မျှော်လိုက်ပြန်တော့..
တံခွန်တွေအလံတွေ ရဲမာန်ပွား..လောက်ပေ
သြော်တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့
ရဲတံခွန်တွေ လေကစား.. ကြွားတလူလူေ၀
တောင်ကညိုပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ
မိုးသက်လေဝှေ့တို့ တရွေ့ရွေ့ယူသလေ
တိမ်ဦးလေပြေ လွမ်းငွေ့ကိုစေ
ဖော်မစုံကျွမ်း လွမ်းစိတ်တွေပွေ
ချစ်တဲ့သူဓာတုကလျာဆွေ
လွမ်းရတဲ့ ဖြစ်အင်
ထင်မြင်မိစေ..တဲ့ ဘုရားတိုင်
စစ်ချီရတုတွေရေး..လို့ သြော်
ကျေးငှက်ကိုစေလိုစေ ဖြေလည်း..ငယ်
ပြေပြေပါနိုင်ပဲ..
စစ်ထွက်ဆဲတောင်ငူဘုရင်မှာလေ
လွမ်းစာတွေ ရွှေပေထက်မှာ တင်ရှာပေ
ပေါ်နွလေလျှင်.. တောင်ကခြိမ့်..မြူး
မင်းလွင်ဦး နှင့် ပျံပျူးချုပ်ဆိုင်း..
မုန်တိုင်းဆင်လို့
တိမ်ညိုမှိုင်း..ထပ် ပြတ်လျှပ်ပြကာ
စိမ်းဝါ မိုးပန်း ထွေထွေစွန်း..က
ရေသွန်းသာကြည် ပျော်ရမည်ကို..
မြရည် သတ်မှတ် ရောက်ခဲ့လတ်ဟု
ချစ်ထွတ်တင်သည်...
ပြာစင် မွန်လတ် ဖြူ၀င်းမွတ်လျှင်..
ကြာညွတ်ဖယောင်း နေရှိန်ပျောင်းသို့..
ဆင့်လောင်းလှမ်းဝင့် ရှိလိမ့်ဟန်ကို
တိမ်စွန်လေလျှင် ဖူးရောက်ချင်သည်
ငှက်သွင်ပျံကြွမတတ်သော်.
ပိတောက်တွေ ..ရွှေရည်လူးကြမယ့်အနေ..

STAI LEGGENDO
My Emergency Food{မင်းကို ငါက အစိုးရတဲ့သူ... Complete}
Casualeအခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...