...မြို့အုပ်ကတော်...
***
ယခင်အပိုင်းမှ အဆက်...
တောက်!
အဲ့ဒီအကြောင်းကို တစိမ့်စိမ့်တွေးရင်း ဒေါသနှင့်အတူ မခံမရပ်နိုင်မှုတို့က အလုံးလိုက်ပင်...။
လက်ကြားထဲမှ စီးကရက်ကို မိနစ်ခြား ဖွာရှိုက်မိသည်...။ မိမိ့ဘဝမှာ အချစ်ရေးအချစ်ရာနှင့်ပတ်သတ်ပြီး လိုချင်တာထက် ပိုပြီး ရခဲ့တာမျိုးတွေ ရှိသည်....။
အရင်တုန်းကဆိုရင် ရိုစီ့အတွက်ပါ သေဖို့ ကြိုးစားနေသည့် သူက အခု ဘယ်လိုဖြစ်ပြီး...
ခ နှင့်အတူ ပါသွားသည့် ထိုပန်းသည်ကို တစ်ချက်ကြည့်လိုက်ပြီး ကြိတ်မနိုင် ခဲမရမှုတို့နှင့်အတူ လက်ထဲက ဆေးလိပ်ကို ဒေါက်ဖိနပ်ဖြင့်ပင် ဖိချေလိုက်ပြီးသည့်နောက်....
မြင်းပေါင်းလှည်းများ ရှိရာသို့ ခပ်မြန်မြန် လျှောက်လှမ်းမိသည်...။ ဖြစ်နိုင်ရင် ဒီနာကျင်မှုက ပြေးထွက်ဖို့ ကြိုးစားမိသည်...။
လက်ထဲမှာ ရှိနေသည့် စံပယ်ပွင့်နှင့်မြတ်လေးပွင့်များကို ဆုပ်ကိုင်ကာ ချေလိုက်မိသည်...။
"မြင်းလှည်း ငှားမလို့လား ခင်ဗျာ..."
ခေါင်းကို ညိမ့်ကာ မြင်းလှည်းနောက် ပေါင်းမိုးအောက် ဝင်ကာ ထိုင်သည်...။
"ဘယ်ကို ပို့ပေးလို့ ရမလဲဗျ?"
"ဘယ်ကိုပဲ ဖြစ်ဖြစ်... ဒီကနေ မြန်မြန် ခေါ်ထုတ်သွားပါ..။"
🎶
ရပ်ကြီးသူတို့ ဟန်မူပိုမိုရပ်ကြီးသူတို့ ဟန်မူပိုမို
နေညိုညချမ်း ဆင်မြန်းဆာပါ
နေညို နေညို ညချမ်းနော်ဗျာ
ဆင်မြန်းဆာပါ
အိုလေ ကွမ်းတုံဗိန်းငယ်နဲ့
နွယ်စိမ်းပုဝါ
လှည်းယာဉ်လေလေ လှုပ်တယ်မေရယ်
သုတ်သုတ်ကလေး နှင်လို့လာ ..။
ဝင်ရိုး ဆင်မျိုးစုံ ဂုဏ်နှင့်ကြာ
တင်တံပိုး..
ယာဉ်ကြိုးလေး သိန်းတန်စွ
ငယ်လေလေ နှင်တံတဖြာ

ВЫ ЧИТАЕТЕ
My Emergency Food{မင်းကို ငါက အစိုးရတဲ့သူ... Complete}
Разноеအခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...