{Unicode}... ခ,
ရှင် ရိုစီကို မှတ်မိပါတော့...
ရိုစီ အခုချထားတဲ့ အရာတွေက ရိုစီ့မာနကို
အတော်လေး ထိခိုက်စေတယ်..။ ရိုစီလို မိန်းမမျိုးက ဘယ်သူ့ကိုမှ ခဝါချတဲ့ မိန်းကလေးမျိုး မဟုတ်ဘူး...။*****
#အနည်းငယ် အသက်ကန့်သတ်ထားသည့် ဇာတ်ကွက်များ ပါဝင်ပါသည်။
ယခင်အပိုင်းမှ အဆက်...
"...ဒီည အိမ်ကို မပြန်နဲ့တော့.... တုစံပယ်ဖူးငုံ.... "
ထိုစကားနောက်မှာတော့ ပယ် လန့်သွားကာ မြို့အုပ်ကို ကြည့်လိုက်မိသည်...။ မြို့အုပ်ကတော့ သူ့လက်ထဲက ဆေးလိပ်တစ်လိပ်ကိုသာ မီးညှိဖွာရှိုက်နေရင်းမှ ....
"ငါ... ဟိုမှာ လုပ်စရာကိစ္စနည်းနည်း သွားဖြေရှင်းတာကို... မင်းကို အတန်တန် သတိပေးထားရက်နဲ့...။ မင်း ငါ့ကို ထိန်းချုပ်နိုင်စွမ်းတွေ ယိုယွင်းအောင် လုပ်နေတာလား?"
"မဟုတ်ဘူး... ပယ်... ပယ်က ဒီအတိုင်း မြို့အုပ်မရှိတဲ့အချိန်... အဲ့ဒီတစ်နေရာကိုပဲ သွားခဲ့တာပါ။ အဲ့ဒါက ဓလေ့... ပြီးတော့... ဘုရားကို ရေသပ္ပါယ်တာမို့... ပယ်..."
"အေး... ကောင်းတယ်... ။ စိတ်မချနိုင်တဲ့ ငါ့ကို အပြစ်မတင်နဲ့ ပယ်...။ လှရက်လွန်းတဲ့ မင်းကိုမင်း အပြစ်တင်... ပြော... အခု ငါစိတ်ချအောင်... မင်းဆီက ဘယ်သူမှ မရနိုင်တဲ့ ဘယ်အရာကို ငါယူသင့်လဲ?"
ခေါင်းဆောင်က မျက်နှာထားတည်တည်ဖြင့် ပြောလာချိန်မှာတော့ ပယ် ဘယ်လိုနေရမှန်း မသိတော့ပါ...။
ပယ်...
ပယ့်မှာ မြို့အုပ် တပ်မက်နိုင်လောက်တဲ့ တန်ဖိုးရှိ ပစ္စည်း ဘာတစ်ခုမှ မရှိ...။ပယ်....
မြို့အုပ်ကို ချစ်တယ်...။
ကိုယ်ချစ်တဲ့သူ အကြာကြီး စိတ်ဆိုးမှာကိုလည်း မလိုချင်ဘူး...။ပယ်...
ပယ်... ဘာပေးသင့်လဲ?
မြို့အုပ်... မြို့အုပ်ကို လက်ထပ်ရမှာလား? မဟုတ်ဘူး... ဒါက ဓမ္မတာနဲ့ ဆန့်ကျင်ထားတာ... ဒါက မြို့အုပ် အရှိန်အဝါတွေ ယုတ်လျော့စေမယ်ထင်တယ်...။ပယ်...
အကြာကြီး... စဥ်းစားခဲ့တယ်... မြို့အုပ် သဘောကျလောက်တဲ့အရာက ဘာများလဲပေါ့...။

YOU ARE READING
My Emergency Food{မင်းကို ငါက အစိုးရတဲ့သူ... Complete}
Randomအခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...