အပိုင်း (၁၆)

5.5K 256 25
                                    

{Unicode}

...လွမ်းဆွတ်တယ် ဆိုတာ
ရင်ထဲ တဆစ်ဆစ်နဲ့
ပိုတိုးတတ်တဲ့ ဝေဒနါတစ်ခုပါ... မြို့အုပ်ရယ်...

***

ယခင်အပိုင်းမှ အဆက်...

ပွေ့ချီကာ ခေါ်လာပြီး အိမ်ရောက်လာသည့် အချိန်မှာတော့ ထုံးစံအတိုင်း မိမိကုတင်ပေါ်...။

လည်ပင်းမှ ကိုင်ထားသည့် လက်မဖြင့် သူ့မေးဖျားကို မော့ယူလိုက်သည့် အချိန်မှာတော့ အကြာကြီး ငေးကြည့်ခွင့် မရတာကြောင့် ကြည့်ချင်သည့် ဒီမျက်နှာလေးက အခုလို အကြာကြီး ငေးကြည့်ခွင့် ရသော်ငြား မဝနိုင်ရာ....။

ဝါညက်ညက် အသားအရေလေးအပေါ် ရှင်မတောင်သနပ်ခါးရည်ကျဲကျဲတို့က အသာအယာ ရှိနေသည်။ မျက်ခုံးတန်းတန်း... မျက်လုံးဝိုင်းဝိုင်း မျက်တောင်ရှည်တို့က ရှည်လျားကော့ညွှတ်၍ ဖြာထွက်နေသည်။ နှာတံစင်းသည်။ နူတ်ခမ်းပါးလေးကတော့ ရဲရဲဖူးဖူးလေး ဖြစ်သည်...။

ခေါင်းထက်မှာ ယောင်သဘောမျိုး ထုံးတင်ထားသည့် ဆံထုံးပေါ်မှ သနပ်ခါးပန်းလေးကို ပန်ထားသည်...။ ချည်သား ပင်နီရောင် ရှပ်လက်တို ရင်စေ့လေးကို ဝတ်ထားပြီး သူ့လက်မောင်းတို့မှ နူးညံ့သော အသားစိုင်တို့....။ လည်တိုင်လေးက သေးကာ ဝင်းမဲ့နေသည်...။ ထိုလည်တိုင်လေးထက် မှဲ့နက်လေး ရှိနေသည်။

အားလုံး ခြုံငုံကြည့်ရရင် တကယ်ကို အနိုင်ကျင့်ချင်စရာ ကောင်းသည့် အနေအထားပင်....။

"မြို့... မြို့အုပ်..."

စကားသံတို့ ထစ်ငေါ့ကာ ထွက်ပေါ်လာချိန်မှာတော့ သဘောကျစွာ ပြုံးလိုက်မိသည်။ မေးစေ့အောက် ရင်ခွင်မှီအရပ်လောက်ပင် ရှိနေသည့် ထိုအလှလေးကို စွန့်စွန့်စားစား ငေးကြည့်မိလိုက်ပြီး လက်တစ်ဖက်က ခါးမှ ရစ်သိုင်းမိလိုက်သည်....။

မြို့အုပ်၏ အသက်ရှုသံပြင်းပြင်းနောက်မှာတော့ ကျွန်တော့်လည်တိုင်မှ သူ့လက်တို့ တင်းကြပ်လာသည်...။ ထို့နောက် ကျွန်တော်ကို ပွေ့ဖက်လိုက်ပြီး ကျွန်တော့်ခေါင်းအောက်သို့ သူ့လက်ဖဝါးကြီးကြီးက ခံယူကာ...

သူကတော့ ကျွန်တော့်ပါးပြင်သို့ ထိယှက်၍ နမ်းရှိုက်နေသည်။ ကျွန်တော့်ကိုယ်ပေါ်မှာ ရှိနေသည့် သူ့လက်တို့ တင်းကြပ်မှုက ကျွန်တော့်ကို အရှင်လတ်လတ် ဖျစ်ညှစ်သတ်ချင်နေသလိုလို...။

My Emergency Food{မင်းကို ငါက  အစိုးရတဲ့သူ... Complete}Where stories live. Discover now