အပိုင်း (၁)

12.1K 603 8
                                    

... 1920 နောက်ပိုင်းတဲ့လား?
Sh1t...
ဘယ်ရှေးကားမှ မကြည့်သလို... စတစ်ကော်လံကို ယောင်လို့တောင် မဝတ်ခဲ့ဘူး...။

***

...ခင်မင်သူကလေး ဆွေးစရာ

လေသာခန်းမှာ နွမ်းခွေရရှာ..

...ချစ်ခင်စ မှော်ရုံမလေး

မောင်မယ်စုံ အချစ်စမ်းလို့

စက်ခန်းမှာ ပျော်ရွှင်စေကြာင်း

တောင်းပန်ဆုဖြာ...။

ခင်နဲ့သာ အတူတွဲကာ..

မြတ်စေတီရှင်ပင်ဦး ဆုထူးဖြာ။

ပတ္တမြားရောင်ဝါ ကံ့ကော်ဦးမှာလ

ဆုထူးပန်ရွယ်ကာ...

ဆုထူးပန်ရွယ်ကာ

နန်းနိဗ္ဗူခေမာနန်းကို

တက်လှမ်းမကြာ။

နွယ်နီပန်းရယ်နဲ့ နတ်နန်းသက်လျာ

ထားဆိုတဲ့ နှစ်ကိုယ်သစ္စာ

ကြာနီပန်းတွေနဲ့...မြတ်ဘုရားရှေ့ မှာ

မြဲစေဖို့...ပန်ကြားလှဲ့ပါ။

ခင်နဲ့သာသာ အတူတွဲကာ...

ဆယ်ကမ္ဘာရွေ့စေ... ဖုန်းမသွေပါ

မမုန်းလေနဲ့...ချစ်ဦးညှာ။

ပတ္တမြားရောင်ဝါ ကံ့ကော်ဦးမှာလ

ဆုထူးပန်ရွယ်ကာ...

ဆုထူးပန်ရွယ်ကာ...

နန်းနိဗ္ဗူခေမာနန်းကို

တက်လှမ်းမကြာ...။

နံနက်ပိုင်း...

ကတ်ဆက်ထဲမှ တိပ်ခွေအလိုက် သီချင်းသံက ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည်...။ ဘာတွေ ဖြစ်နေလဲ ကိုယ့်ကိုကိုယ်.... မသိတော့....။

မှန်ထဲမှ မိမိပုံရိပ်ကို ငေးကြည့်လိုက်မိသည်...။ ဒီရုပ်ရည်က မိမိနှင့် အတော်လေးကို ဆင်ပြီး တစ်ရုပ်တည်းပင်...။

ထို့ထက် ဒီVersionကတော့ 19 century versionနှင့်ဖြစ်သည်...။ စတစ်လက်ရှည်... တိုက်ပုံအနက်နှင့်အတူ အောက်ဘက်မှ ငွေလှိုင်းပါသော ပုဆိုးတစ်ထည်က တောက်ပြောင်နေသည်....။ အောက်ဘက်မှ ကတ္တီပါဖိနပ် အပြင်အဆင်နှင့် အဆင်မပြေ... လုံးဝကို အဆင်မပြေပါ...။

My Emergency Food{မင်းကို ငါက  အစိုးရတဲ့သူ... Complete}Tempat cerita menjadi hidup. Temukan sekarang