အပိုင်း (၁၃)

5.2K 276 12
                                    

{Unicode}

... တုစံပယ်ဖူး
ဟုတ်လား?
ငါ့အပိုင်လေ...။

****

နှစ်ပတ်မြောက် ကြာသောအခါ...

မြန်မာ အတာသင်္ကြန် နှစ်သစ်ကူးနေ့...

မဟာသင်္ကြန် အကြိုနေ့...

ဒီနေ့မှာတော့ နှစ်သစ်တစ်ခုရဲ့ အစဖြစ်သည်...။ ဒီလို သင်္ကြန် နှစ်သစ်ကူးနေ့မှာတော့ ဒီပုဂံဘုရားပုထိုးတစ်ဝိုက်မှာတော့ စည်ကားသိုက်မြိုက်နေသည်...။

အားလုံးကတော့ သင်္ကြန်အတွက် အားကြိုးမာန်တက် ရှိနေပေမယ့် ပယ့်မှာတော့.... မျှော်ရမယ့်... အလွမ်းဓာတ်တို့က စီးပိုး၍....

'ကိုယ် ပြန်လာရင် မင်းရဲ့ အသံအေးအေးလေးနဲ့ စောင်းသံလေးကို ကြားချင်တယ်...'

ဒီနေ့မှာတော့ မြန်မာ့နှစ်သစ်ကူးအတွက် အိမ်မှာ ရှိနေသည့် ဘုရားဆင်းတုများကို ရေသပ္ပာယ်ဖို့ ပြင်ဆင်နေမိသည်...။ ဒီရက်ပိုင်း ဘာမှန်းမသိ... သက်ပြင်းတစ်ခုကို ခဏ ခဏချပြီး မြို့အုပ်ကို သတိရ လွမ်းဆွတ် တမ်းတနေမိသည်...။

သောက ဗျာပါရဆိုတာထက် ချစ်ရသူကို မျှော်ရသည့် ခံစားမှုက အသည်းထိ လှိုက်ကာ ရှိနေမိသည်...။ ပြန်လာရင် ပယ့်ရဲ့ အသံနှင့်အတူ စောင်းသံအေးအေးလေးကို ကြားချင်တယ်ဆိုတဲ့ သူကို ပြန်လာရင် နားဆင်နိုင်ဖို့အတွက် စောင်းသံအေးအေးနှင့်အတူ လိုက်ဖတ်သည့် တေးသံတစ်ခုကို ပြင်ဆင်ထားမိသည်...။

ဒီသီချင်းတေးသံကနေ မြို့အုပ်ကို ပယ် ပြောချင်သည့် အရာများကို ပြောကြားနိုင်ဖို့ အတွက် အဆင်ပြေသည့် သီချင်းတေးသံတစ်ပုဒ်ကို ပြင်ဆင်ထားမိသည်...။ စောင်းကို ရင်ဝယ်ပိုက်ကာ တေးညှိနေပြီး စည်းနှင့်ဝါးကိုလည်း တေးသံနှင့် လိုက်ဖက်ဖို့ ပြင်ဆင်နေမိသည်...။

....တောမြိုင်စွန်းက လွမ်းအောင်ဖန်.. မကြံနိုင်.. ကိုယ်ထူးကြုံရပြန်...

ချစ်တဲ့သူ သခင်မြင်လာအုံးဖျ...၊ သုံးရွှေရင်...။

ဘုန်းကေရှင် သခင်ဘုံပျံနန်းမှာ..ဆန်းဉာဏ်ခြယ်...။

သက်လယ် သက်လယ် ရွှေသွေးရယ်... မကြင်နာ စိမ်းတော့စိမ်းရက်တယ်...။

My Emergency Food{မင်းကို ငါက  အစိုးရတဲ့သူ... Complete}Where stories live. Discover now