ဇာတ်သိမ်းပိုင်း

8.8K 302 40
                                    

{Unicode}

...  ချစ်ခြင်းမေတ္တာ၏
အစွန်းတစ်ဖက်၌...

****

ယခင်အပိုင်းမှ အဆက်...

စာအုပ်ထဲမှ အကြောင်းအရာများကို ဖတ်ရှုဖို့ ကြိုးစားနေရင်းမှာပင် သူမက မေးလာသည်။ သူမ ပုံစံကလဲ မိမိကို အသည်းအသန် အကဲခတ်နေသလိုပင်...

သူမကတော့ ခန္ဓာကိုယ်ကို အထက်အောက် စုံချည်ဆန်ချည် ကြည့်နေရင်းမှပင်... အမူအရာပြောင်းလဲနေသည်လား ဆိုတာကို အသေအချာလေးကို လေ့လာနေဟန်ပင်....။

သူမက တဖြည်းဖြည်းနဲ့ မိမိအခြေအနေကို ဆန်းစစ်ရင်း တိုးလာသည်မို့ ထိုစာအုပ်ကို မသိမသာ နံဘေးက ကုတင်အောက်သို့ ချကာ ပေါ်နေသည့် အဖျားအစွန်းကို ခြေထောက်ဖြင့် ဖိထားမိသည်။

"ခ... ဘာတွေလုပ်နေတာလဲဟင်? အစောကြီး နိုးနေတာလား? မဟုတ်ပါဘူး... ခ အိပ်မပျော်မှာစိုးလို့ ရိုစီ သေချာလေး ဆေးတိုက်ခဲ့တာကို...။ ကိုယ်ပူနေတာလားဟင်..."

သူမကတော့ အလွန်ကို လည်သူမို့ မိမိကို ပွေ့ဖက်ကာ မိမိခန္ဓာကိုယ်ပေါ် လည်းကောင်း၊ ဘေးဘီဝန်းကျင်ကိုသော်လည်းကောင်း ဂရုစိုက်သလိုလိုနဲ့ လှည့်ပတ်ကြည့်နေသည်။

"ဟုတ်တယ်... ရိုစီရဲ့....  ကိုယ် အခုထိ အိပ်ချက်နေတုန်းပင် ပြတင်းပေါက်က ဖွင့်ထားတော့... လေတိုက်ပြီး တံခါးချပ်အသံတွေက တဒုန်းဒုန်း ဖြစ်နေလို့ နိုးလာတာ...။ ဆက်ပြီး အိပ်ချင်နေသေးတာ..."

ထိုအချိန်မှာတော့ ပြောင်းလဲနေသည့် မိမိအမူအရာရှိမရှိ... သေချာလေး ဆန်းစစ်နေရင်းမှ တစ်ခုခုကို စိုးရိမ်ပူပန်နေသလိုဖြင့်ပင်....

"မအိပ်တော့ပါနဲ့... ခ ရယ်... အခုချိန် အိပ်ရင် ညကျ ကောင်းကောင်းအိပ်မပျော်ဘဲ နေလိမ့်မယ်... ဒီလိုလုပ်လေ... အခု ရိုစီက ခ ကို ခြံထဲက ခ ကြိုက်တဲ့ နှင်းဆီပန်းတွေကို လိုက်ပြမယ်လေ..."

"ကိုယ်က အိပ်ချင်နေသေးတာ... ခေါင်းမကြည်သေးဘူး... ကိုယ့်ကို ခဏလောက် အိပ်ခွင့်ပြုပါလား?"

"သြော်... ခ ရယ်... ဆက်ပြီး အိပ်နေရင် ပိုပြီးခေါင်းမကြည်မှာပေါ့...။ အခု ရိုစီ့ကို ယုံလိုက်နော်... ရိုစီကိုယ်တိုင် လိုက်ပို့မယ်...။ ကဲ လာပါ ခ ရယ်..."

My Emergency Food{မင်းကို ငါက  အစိုးရတဲ့သူ... Complete}Donde viven las historias. Descúbrelo ahora