1

2.4K 195 21
                                    


ဂျုံဆောင်း အသက် 31 နှစ် ပြည့်အပြီးမှာ စိတ်သစ်လူသစ်နှင့်ပတ်ဝန်းကျင်အသစ်ကို ပြောင်းရွှေ့လာခဲ့၏။

သူပြောင်းလာသည့် ရပ်ကွက်လေးက အရမ်းလည်းမဆူညံသလို အရမ်းလည်းမတိတ်ဆိတ် ။ လုံးချင်းနေအိမ်လေးတွေက တစ်ခုနှင့်တစ်ခု ဘေးချင်းကပ်လျှက်ရှိနေပြီး ခြံဝန်းတွေလည်း ကျယ်ကျယ်ဝန်းဝန်းရှိကြသည်။

သူဝယ်ယူလိုက်သည့် လုံးချင်းအိမ်လေးက သူတစ်ကိုယ်တည်းနေဖို့အတွက်ဆိုရင် ကျယ်တောင်ကျယ်လွန်းနေ၏ ။ ဆောက်ထားသည်မှာလည်း နှစ်အနည်းသာ ရှိသေးသည်ဟု သိရသည့်အပြင် အရင်အိမ်ပိုင်ရှင်ကလည်း အထိန်းအသိမ်းကောင်းတာမို့  အသစ်နှင့်မခြားပေ။

ယနေ့က အိမ်စပြောင်းလာသည့်နေ့မို့ ဂျုံဆောင်းတစ်ယောက် အိမ်ရာရွှေ့ပြောင်းရေး ဝန်ဆောင်မှုမှ ဝန်ထမ်းများနှင့်အတူ ခြံထဲတွင်ခြေချင်းလိမ်နေ၏။ အရင်ဆုံး လေးလံသည့် ပရိဘောဂများကို အိမ်ထဲတွင်သေချာနေရာချရန် ဝန်ထမ်းများအား ဂျုံဆောင်းညွှန်ကြားပေးနေရသည်။

ဝန်ထမ်းများ၏ နေရာချထားပေးမှုနှင့် ပရိဘောဂအကြီးစားများ အစီစဥ်တကျဖြစ်သွားသည့်အချိန်တွင်မူ ခြံရှေ့တွင်ရပ်ထားသော ထရပ်ကားများ အစီအရီပြန်ထွက်သွားကြကာ နောက်ဆုံးတွင်တော့ ဂျုံဆောင်းတစ်ယောက်တည်းသာ ဧည့်ခန်းတွင် စက္ကူပုံးပေါင်းများစွာနှင့်ကျန်ခဲ့ရ၏။

ယခုသူ့တွင် အိပ်ယာမခင်းရသေးသော ကုတင်တစ်ခုနှင့် ဗလာနတ္ထိဖြစ်နေသော ရေခဲသေတ္တာသာ ရှိသော်လည်း အနည်းဆုံးတော့ လှဲစရာဆိုဖာနှင့် အသင့်စားမုန့်ထုပ်အနည်းငယ်ကျန်နေသေးသည်။

မနက် 8 နာရီခန့်ကတည်းက မနက်စာစားပြီး ပြောင်းရွှေ့ရန်စတင်ခဲ့မှုသည် ယခု 10 နာရီအရောက်တွင် တစ်ပိုင်းတစ်ဝက်ပြီးဆုံးသွားခဲ့၏။ ယခု သူ၏ ဧည့်ခန်းအခြေအနေမှာ မြင်မကောင်းအောင် ရှုပ်နေသေးသော်လည်း ရှင်းချင်စိတ်မရှိသေး၍ ပြောင်းဖူးမုန့်တစ်ထုပ်ကို ကောက်ကိုင်ကာ အမြင်ရှင်းသည့်ခြံထဲသို့သာ ထွက်လာခဲ့သည်။

သူ့ခြံဝန်းသည် မြက်ခင်းများနှင့် စိမ်းစိမ်စိုစိုရှိကာ ခြံထဲ၌ထိုင်စရာ ဒန်းတစ်ခုလည်း ရှိနေ၏။ ဤဒန်းရှိသည်မှစ၍ ဒီတစ်အိမ်လုံးကို သူတစ်ခုမကျန်သဘောကျပေမယ့် ဘေးဘက်ကပ်ရပ်ခြံများနှင့် ကြားတွင် ကာထားသောခြံစည်းရိုးက နိမ့်နေခြင်းကိုမူ သူသိပ်သဘောမတွေ့မိပါ။

ဘေးအိမ်က ကောင်ကလေး ( JAYWON ) Where stories live. Discover now