3

970 158 17
                                    

အိမ်အသစ်မှာ နှစ်ပတ်လောက် နေသားကျသွားပြီးတဲ့နောက် ဂျုံဆောင်းရဲ့ အားလပ်ချိန်တွေက ပျင်းရိဖွယ်ကောင်းအောင်ကို များပြားလာခဲ့သည်။

ဒီနှစ်ပတ်လောက်အတောအတွင်းမှာတော့ အိမ်ခြံဝန်းထဲ စိမ်းစိမ်းစိုစို လှလှပပရှိစေရန်အလို့ငှာ ပန်းအိုးတွေ ပျိုးပင်တွေအမြောက်အမြားနဲ့ အလုပ်ရှုပ်နေခဲ့တာမို့ ပျင်းရိချိန်သိပ်မရှိခဲ့။ ယခုအခါမူ သူအပျင်းပြေ ပြင်ဆင်စရာပင်မရှိတော့အောင် အိမ်ရောခြံရောက ပြည့်စုံနေလေပြီ။

ထို့ကြောင့် တိတ်ဆိတ်ကာ နေရောင်ပါးပါးလေးဖြာကျနေသော ညနေခင်းတွင် သူဂီတာတစ်လုံးပိုက်ရင်း ခြံဝန်းထဲဆင်းခဲ့၏။

ဂျုံဆောင်း ရေစောစောချိုးလေ့ မရှိသည့်အတွက်ကြောင့် ချွေးမထွက်စေရန် တီရှပ်ပါးပါးတစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး ဒန်းတွင်ထိုင်၍ ဂီတာကို မတီးမီ ကြိုးညှိနေလိုက်သည်။

သူဂီတာမတီးခဲ့တာ အတော်ကြာခဲ့ပြီမို့ အရင်ဆုံး ဂီတာကြိုးလေးများကိုသာ ဟိုတစ်စဒီတစ်စထိ၍ အသံအနေအထားကို ဆန်းစစ်နေမိ၏။

plectrum ( ဂီတာလက်ခတ် ) ကိုမူ မသုံးဖြစ်သေးသောကြောင့် နှုတ်ခမ်းပါးများကြားတွင် ခပ်သာသာညှပ်ကိုက်ထားလိုက်သည်။

မျက်လုံးများကိုမှိတ်၍ မိမိဂီတာသံကိုမိမိ သေချာအာရုံစိုက်နိုင်ရန် ကြိုးစားနေချိန်တွင် ခွေးဟောင်သံတစ်ခုက ဘေးဝန်းကျင်မှထွက်လာလေ၏။

" မာအွန်းမီ မင်းကိုငါ့ဖိနပ်တွေမကိုက်ဖို့ ဘယ်နှစ်ခါပြောရမလဲ .. လာ ဒီကိုလာစမ်း "

အပြစ်မှရှောင်ပြေးရန် အိမ်ထဲမှထွက်လာ၍ မြက်ခင်းစိမ်းပေါ် ပြေးလွှားနေသော မာအွန်းမီသည် ဖြူနုနု လက်နှစ်ဖက်နှင့် ဆွဲမ'ချီသည်ကို ခံလိုက်ရကာ ရင်ခွင်ထဲသို့ မလူးသာမလွန့်သာ ငြိမ်၍ပါသွားရသည်။

ဂျုံဆောင်း မှေးမှိတ်ထားသော မျက်ဝန်းတွေ ပြန်လည်ပွင့်ဟ၍ ခေါင်းကဆစ်ခနဲ ထိုးကိုက်သွား၏။

" ဦးလေးကြီး ဂီတာတီးနေတာလား "

" မြင်ရဲ့သားနဲ့ မေးနေတယ် "

ဘေးအိမ်က ကောင်ကလေး ( JAYWON ) Where stories live. Discover now