အိမ်အသစ်ကို ပြည့်စုံအောင်လုပ်ရသည့် ကိစ္စကလည်း ဂျုံဆောင်းထင်ထားသလောက်တော့ သိပ်မလွယ်ကူလှပါ။
ပထမဆုံးတစ်ရက်ကို ဂျုံဆောင်း ဖြစ်သလိုသာ delivery မှာ၍ စားလိုက်သော်လည်း နောက်တစ်နေ့မနက်တွင်တော့ ဗလာကျင်းနေသော သူ၏ ရေခဲသေတ္တာကိုဖြည့်ရန်လိုအပ်လာတော့သည်။
ထို့ကြောင့် နေရောင်ချည်ခပ်သဲ့သဲ့ဖြာကျနေသော မနက် 7 နာရီခန့်လောက်တွင် သူ ကားသော့ကိုဆွဲရင်း အနီးအနားတွင် ရှိလောက်သည့် mart သို့ စျေးဝယ်ထွက်ရန်ရည်ရွယ်၍ ခြံထဲမှကားရှိရာသို့ ဆင်းလာခဲ့၏။
ဂျုံဆောင်းသည် မတိုင်ခင်က Company တစ်ခုတွင် အတော်အတန်ရာထူးမြင့်သော ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့ပေမယ့် ယခုအိမ်အသစ်မပြောင်းခင်လေး၌ပင် အလုပ်ထွက်လာခဲ့ခြင်းဖြစ်သည်။
ယခုလောလောဆယ် သူ့တွင်အမွေရထားသော စားသောက်ဆိုင်တစ်ခုရှိကာ သူကတော့ ပိုင်ရှင်အမည်ခံထားပေမယ့် တစ်လတွင် သုံးလေးကြိမ်ထက်ပိုမရောက်ဖြစ်။ ဆိုင်ကို အဓိက ဦးစီးနေသူမှာ Chef လည်းဖြစ်သလို သူ့ညီတစ်ဝမ်းကွဲလည်းဖြစ်သည့် ဆောင်ဟွန်းသာ ဖြစ်၏။
ဆောင်ဟွန်းက ထိုစားသောက်ဆိုင်တွင် ဂျုံဆောင်းအဖေဦးစီးနေစဥ်ကပင် chef အနေနှင့်ရှိနေခဲ့ခြင်းဖြစ်ပြီး ဂျုံဆောင်းအတွက်တော့ မနှစ်ကအဖေဆုံးသွားပြီးနောက်တွင် တစ်ဦးတည်းသော ဆွေမျိုးနီးစပ်ဖြစ်လာခဲ့သည်။ တစ်ဝမ်းကွဲတွေဆိုပေမယ့် အသက်ကလပိုင်းပဲကွာတာမို့ ဂျုံဆောင်းအတွက် ဆောင်ဟွန်းက သူငယ်ချင်းနှင့်မခြားပေ။ ငယ်ငယ်ကတည်းက တပူးပူးတတွဲတွဲလုပ်လာကာ မျက်စိမှိတ် ယုံကြည်စိတ်ချရသူလည်းဖြစ်သည်။
အမေကတော့ ဂျုံဆောင်းဘဝတွင် မရှိတော့ဘူးလို့ပြော၍လည်းမရသလို ရှိသည်ဟုလည်း ဆို၍မရ။ အမေရိကန်သူတစ်ယောက်ဖြစ်ခဲ့သော အမေက အဖေနှင့်လက်ထပ်ကာ သူ့ကိုရခဲ့သော်လည်း သူ့အသက် 14 နှစ်လောက်တွင် ပျော်ရွှင်စရာမရှိတော့သော အိမ်ထောင်ရေးကြောင့် အဖေနှင့်တရားဝင်ကွာရှင်းကာ အမေရိကန်သို့ ပြန်သွားခဲ့သည်။
ထိုတွင် နောက်အိမ်ထောင်ပြုကာ ဂျုံဆောင်းနှင့် အမေတူ အဖေကွဲ ညီမလေးတစ်ယောက်ပင်မွေးလိုက်သေးသော်လည်း ဂျုံဆောင်းကို အဆက်အသွယ်မဖြတ်ခဲ့ပါ။ အဆက်အသွယ်မပြတ်ရှိနေကာ တစ်ခါတရံ မုန့်ဖိုးများပင် တခုတ်တရလွှဲပေးတတ်၏။
YOU ARE READING
ဘေးအိမ်က ကောင်ကလေး ( JAYWON )
أدب الهواةဂျုံဆောင်းရဲ့ ဘဝကို နေချည်နွေးနွေးလေး ဖြာကျလာခဲ့တယ် Warning : Age g@p 12 yrs