6

1K 140 8
                                    

အသက် 30 နောက်ပိုင်းတွင် ဘဝကိုတစ်ယောက်တည်းဖြတ်သန်းရခြင်းက နေပျော်ရဲ့လားဟုမေးလျှင် ဂျုံဆောင်း အေးအေးဆေးဆေး ဟင်းပွဲတစ်ပွဲကိုပြင်နေရင်း ခေါင်းညိတ်ပြမိမည်ထင်၏။

pasta ပြင်ရန် ခေါက်ဆွဲချောင်းများကို ရေနွေးပွက်ပွက်ဆူထဲသို့ ထည့်ပြီးချိန်တွင် သူ့အသက် 20 ကာလတစ်လျှောက်လုံးကို စိတ်ရင်းမပါတဲ့ တာဝန်ဝတ္တရားတွေကြား ဘာလို့ခက်ခဲစွာနေခဲ့သလဲဆိုတာကို ပြန်တွေးမိသည်။

ပျော်ရွှင်ကျေနပ်မှု ဆိုသည်မှာ ဤကဲ့သို့ Cheese မှုန်များကိုခြစ်ချနေရင်း ရေနွေးဖျောထားသော ပုစွန်များကိုအခွံခွာနေရင်းမှပင် ရိုးရိုးရှင်းရှင်းရရှိနိုင်ကြောင်းကို သူယခုတော့လက်တွေ့နားလည်ခဲ့ရ၏။

ပုဇွန်ကွေးများနှင့် pasta ကို chesse ပျစ်ပျစ်နှစ်နှစ်များကြား pan ထဲ ရောမွှေကာ ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြူးလိုက်တော့ သူ့ညနေစာက အသင့်ဖြစ်နေလေပြီ။

ဂျုံဆောင်း ခါးတွင်ချည်ထားသော Apron ကို ကြိုးဖြည်လိုက်တော့ ရုတ်တရက် သူလုပ်ထားသော pasta ပမာဏက ပုံမှန်ထက် များနေကြောင်း သတိထားမိလိုက်၏။

ယခုနောက်ပိုင်း သူလက်ဆတွေမမှန်တော့ပေ။
တစ်ယောက်စာဟုချက်လိုက်တိုင်း ပမာဏက နှစ်ယောက်စာစီဖြစ်ဖြစ်သွားရသည်။

ထို့နောက်သူ Plating မချဖြစ်သေးပဲ Pasta ကို ခဏထားခဲ့၍ ဧည့်ခန်းရှိရာသို့ ဦးတည်ခဲ့၏။

ဂျုံဆောင်းသည် တည်ငြိမ်ရိုးရှင်းခြင်းကိုသာ သဘောကျ၍ သူ့အိမ်အပြင်အဆင်တစ်ခုလုံးကလည်း အရမ်းကြီးဆန်းသစ်လွန်းမနေပေ။ ပြတင်းပေါက်အကြီးတွင်ကာထားသော လိုက်ကာများသည်ပင် ခဲရောင်မှိန်မှိန်သာဖြစ်သည်။

ယခုအခါ သူထိုခဲရောင်လိုက်ကာများကို မသိမသာဖယ်၍ တစ်ဖက်အိမ်မှအခြေအနေကို အကဲခတ်မိ၏။ မီးရောင် မှိန်မှိန်များကိုသာ ပိတ်ထားသောပြတင်းပေါက်များဆီမှ တဆင့်မြင်ရသောအခါ သူမျက်ခုံးတစ်ချက်ပင့်လိုက်ပြီးနောက် စိတ်လျှော့၍ လိုက်ကာစကိုပြန်ချရန်ပြင်လိုက်သည်။

သို့သော် သူပြန်မချလိုက်ခင်မှာပဲ တစ်ဖက်အိမ်မှ အိမ်ရှေ့တံခါးဖွင့်သံကိုကြားလိုက်ရပြီး ခွေးဟောင်သံနှင့်အတူ အိမ်ထဲမှထွက်လာသော မောင်နှမနှစ်ယောက်၏ စကားပြောသံတိုးသဲ့သဲ့ကိုကြားလိုက်ရ၏။

ဘေးအိမ်က ကောင်ကလေး ( JAYWON ) Where stories live. Discover now