နယ်မြို့လေး၏ မီးရောင်မှိန်မှိန်နှင့် မိုတယ်သည် ဂျုံဆောင်းအတွက်တော့ အငွေ့အသက်သိပ်မကောင်းသလို ခံစားရ၏။
reception ရှိ တစ်ဦးတည်းသော ဝန်ထမ်းဆီမှ တစ်ယောက်ခန်းနှင့် နှစ်ယောက်ခန်း ရွေးချယ်မှုပြုလုပ်ရန် အမေးစကားကို ဂျုံဆောင်း နှစ်ယောက်ခန်းကိုသာရွေးချယ်ရင်း တုန့်ပြန်လိုက်ပါသည်။
တစ်ယောက်ခန်းနှင့် နှစ်ယောက်ခန်းကွာခြားချက်က single bed နှင့် double bed သာဖြစ်၏။ ဂျုံဆောင်းအတွက်တော့ တစ်စုံတစ်ယောက်နှင့် အိပ်ရာတစ်ခုထဲ အတူသုံးရမည်က သိပ်တော့ သက်တောင့်သက်သာမရှိလှပါ။
သို့သော် ခုနက ဟိုကလေးအိမ်ကို ဖုန်းဆက်အသိပေးပြီး စိတ်မပူရန်နှင့် သူသေချာကြည့်ရှုစောင့်ရှောက်ရန် အာမခံခဲ့သဖြင့် တစ်ယောက်ခန်းထဲမှာ သူ့ဟာသူပစ်ထားလိုက်ရန်လည်း မဖြစ်နိုင်ပေ။
ထို့ကြောင့် reception မှ ဝန်ထမ်းပေးသော သော့တွဲကိုယူ၍ နှစ်ယောက်ခန်းများရှိရာ ဒုတိယထပ်သို့တက်လာခဲ့လိုက်၏။
သော့တွဲမှ နံပါတ်နှင့်အခန်းကိုရှာဖွင့်၍ မီးခလုတ်ဖွင့်ကြည့်လိုက်သော် အနည်းငယ် အားမကောင်းသော မီးအလင်းရောင်မှိန်မှိန်နှင့်အတူ ပြန့်ပြူးနေသော ကုတင်အကြီးကိုတွေ့ရသည်။ Double bed ဆိုပေမယ့် အရမ်းမကျယ်ဘဲ နှစ်ယောက်အတူလှဲအိပ်နိုင်ရုံသာဖြစ်၏။ သန့်ရှင်းသပ်ရပ်မှုကတော့ အရမ်းကြီးဆိုးရွားမနေဘဲ အတော်အသင့်ရှိသည်။
" ahh... မောလိုက်တာ "
တစ်နေကုန် သူ့နောက်ကို တကောက်ကောက် လိုက်နေခဲ့ရသောကောင်လေးမှာတော့ ထပ်ပြီး မတ်တပ်ရပ်နိုင်စွမ်းပင် မရှိတော့သည့်ပုံပေါ်ကာ ချက်ချင်းကုတင်ထက်တွင် ပက်လက်သွားလှဲလေ၏။
ဂျုံဆောင်း အရင်ဆုံး လက်မှနာရီကို အရင်ချွတ်လိုက်ကာ ပိုက်ဆံအိတ်နှင့်အတူ စားပွဲပေါ်တင်ထားလိုက်သည်။ သူတို့မှာ အဝတ်ပိုလည်းပါမလာတာမို့ ကြည့်ရသည်မှာ ဒီအတိုင်းသာအိပ်ရတော့မည့်ပုံပင်။
ကံမကောင်းစွာ သူကတော့ မနက်ကရှိုးထုတ်ကာ ကော်လာရှပ်တစ်ထည်ကို လက်ခေါက်တင်ရင်း pants ထဲခါးမြှုပ်ထည့်၍ ခါးပတ်တစ်ခုနှင့် ဝတ်လာခဲ့ရာ ဘယ်လိုမှ သက်တောင့်သက်သာမရှိလှပါ။
YOU ARE READING
ဘေးအိမ်က ကောင်ကလေး ( JAYWON )
Fanfictionဂျုံဆောင်းရဲ့ ဘဝကို နေချည်နွေးနွေးလေး ဖြာကျလာခဲ့တယ် Warning : Age g@p 12 yrs