9

1.1K 156 21
                                    

လိုက်ကာနောက်ကွယ်မှတစ်ဆင့် ဝင်ရောက်လာသော စူးရှလွန်းသည့် နေရောင်ချည်ကြောင့် ဂျောင်ဝန်းအိပ်ရာမှ လူးလွန့်နိုးလာချိန်တွင် မနက် 9 နာရီလောက်ပင်ရှိနေပြီဖြစ် ကြောင်း ခန့်မှန်းမိလိုက်၏။

ပထမဆုံးအကြိမ် ကြုံတွေ့ဖူးသော အရက်ဒဏ် ကြောင့် ခေါင်းတွေမတရားထိုးကိုက်နေပေမယ့်လည်း အားယူ၍ထထိုင်လိုက်ချိန်တွင် အိပ်ရာပေါ်၌ သူတစ်ယောက်တည်းသာရှိနေကြောင်းတွေ့လိုက်ရသည်။

ထို့နောက် ဘေးဘက်စားပွဲပေါ်ရှိ ဖန်ရေကရားတွင်ကပ်ထားသော ထင်ရှားသည့် မှတ်စုစာရွက်လေးတစ်ရွက်။

- ကိစ္စရှိလို့ ဆိုင်ကိုခဏသွားတယ်
ကြာမှာမို့ စောင့်မနေနဲ့တော့
အိပ်ရာကနိုးရင် စားရအောင်
အောက်ထပ်မှာမနက်စာပြင်ထားပေးခဲ့တယ်
စားလိုက် -

မှတ်စုထဲကတောင် သူ့လေသံမာမာကြီးကို ကြားနေရအောင် ဘယ်လိုများရေးခဲ့သလဲဆိုတာကို တွေးမိတော့ စောစောစီးစီး ဂျောင်ဝန်းပြုံးရယ်မိရသွား၏။

ထို့နောက်တွင်တော့ နေရောင်ဖြာကျ၍ အညိုနုရောင်သန်းနေသော မျက်ဝန်းလေးတို့က အနည်းငယ်တွေဝေသွားကာ အားလုံးတစ်ခုမကျန်မှတ်မိနေသော မနေ့ညကမှတ်ဥာဏ်များထံသို့ ပြန်လည်ရောက်ရှိသွားရသည်။

ဆိုဖာပေါ်၌ စတင်ခဲ့သော အနမ်းသည် အပေါ်ထပ် ဦးလေးကြီးအခန်းရှိ ကုတင်ထက်သို့တိုင်အောင် ဘယ်လိုရောက်ရှိသွားခဲ့သလဲဆိုတာကိုတော့ သူမရှင်းပြတတ်ပါ။

ရှင်းလင်းနေသော မှတ်ဥာဏ်ထဲတွင် ဦးလေးကြီးက ကုတင်နံရံသို့ မှီကာထိုင်နေခဲ့ပြီး သူကတော့ ဦးလေးကြီးပေါင်ပေါ်ထက် ခွထိုင်ကာ အုပ်မိုး၍ သဲကြီးမဲကြီး နမ်းရှိုက်နေခဲ့၏။

အမှန်တကယ်ပြောရလျှင် ဂျောင်ဝန်းဘဝတွင် ထိုကဲ့သို့အရှိန်ပြင်းထန်သော အနမ်းရေယာဥ်မျိုးထဲ မြောပါရမည်ဟု တွေးပင်မတွေးဖူးခဲ့။

ပထမဆုံးအတွေ့အကြုံဖြစ်သဖြင့် သူ့လူပျိုပေါက်စသဘာဝလေးများက ထိန်းမရ သိမ်းမရနိုးကြွလာကာ ဦးလေးကြီးက သူ့ကိုကုတင်ထက်ပြန်လှဲချ၍ နမ်းရှိုက်လာချိန်တွင် သူ့လက်များက ဦးလေးကြီးရဲ့ ဘောင်းဘီဇစ်ရှိရာသို့ပင် ရောက်ရှိသွားခဲ့၏။

ဘေးအိမ်က ကောင်ကလေး ( JAYWON ) Where stories live. Discover now