7

1K 142 5
                                    

ဂျုံဆောင်း မိုးလင်းသည်နှင့် တစ်ဖက်ခြံဝန်းထဲမှ ရယ်မောသံတွေကို  မနက်စာပြင်နေရင်း ကြားနေရသည်။ ခွေးတစ်ကောင်နှင့် လူနှစ်ယောက်၏အသံက လိုအပ်သည်ထက်ပိုကျယ်နေကာ သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေ၏။

သူ့လက်က အတိုင်းအဆမရှိ အကျင့်ဖြစ်နေသည့်အတိုင်း အစားအသောက်ကို နှစ်ယောက်စာစီပြင်နေမိသည်ကနေ အလေအလွင့်ဖြစ်စေတာ နှစ်ရက်တောင်ရှိပြီမို့ ယနေ့တွင်တော့ သတိထားကာ  ချိန်ဆနေရသည်။

တစ်နည်းပြောရလျှင် ဘေးအိမ်မှ မြီးကောင်ပေါက် သူ့ခြံထဲသို့ ခြေဦးတောင်လှည့်မလာသည်မှာ နှစ်ရက်ရှိပင်ရှိသွားပြီဖြစ်၏။အူယားဖားယားပြေးသွားခဲ့သော မနက်ခင်းနှင့်ပါပေါင်းလျှင် သုံးရက်။

သို့သော် သူ့ကိုယ်ပိုင်ခြံထဲမှာတော့ တစ်နေ့တစ်မျိုးမရိုးရအောင် ဟိုလူစိမ်းနှင့်အတူ ကြက်တောင်ရိုက်လိုက် ၊ ဘောလုံးကန်လိုက် ၊ ဘေ့စ်ဘောပစ်ကစားလိုက်နှင့် ပျော်မြူးနေသည်ကို နေ့ညမရွေးမြင်နေရသည်။

ယခုလည်း သူမနက်စာကိုတစ်ယောက်တည်း ထိုင်စားနေရင်းမှနေ ကိုကိုကြီး ~ ဟူသော ခေါ်သံတစာစာနှင့် ရယ်သံတသောသောကို ကြားနေရသောအခါ စားနေသောအရသာပင် ပျက်လာသလိုခံစားရ၏။

ဇွန်းကိုင်လက်စလက်ကို စိတ်ပျက်လက်ပျက်နှင့် ချထားလိုက်တော့ ဒီအတောအတွင်း ထိုကောင်လေး သူ့ကိုတော်တော် အကျင့်ဖျက်ခဲ့ကြောင်း သတိထားမိသည်။ ဘဝတစ်လျှောက်လုံးနီးပါး ထမင်းစားပွဲတွင် တစ်ယောက်တည်းထိုင်ခဲ့သောသူက ယခုတော့ အထီးကျန်သလိုလို ဘာလိုလိုခံစားချက်ကြီးနှင့်။ အဆင်မပြေလှပါ။

ဂျုံဆောင်း စားလက်စပန်းကန်ကိုယူ၍ ဘေစင်ထဲခပ်ကြမ်းကြမ်းပစ်ထည့်ခဲ့ပြီးနောက် အပေါ်ထပ်မှ မိမိအခန်းထဲသို့သာ တက်လာခဲ့လိုက်တော့၏။ အနည်းဆုံးတော့ အခန်းထဲမှာနေလျှင် စိတ်ရှုပ်စရာ ဘာသံကိုမှ မကြားရလောက်။

__________________________

ညဘက်သည် နေ့လည်နေ့ခင်းများထက် တိတ်ဆိတ်နေသော်လည်း ညစာစားချိန်ဖြစ်၍ မိသားစုများသော ဘေးအိမ်တွင်တော့ စကားပြောလှုပ်ရှားသံများထွက်လာနေဆဲပင်။

ဘေးအိမ်က ကောင်ကလေး ( JAYWON ) Where stories live. Discover now