10 ( final )

1.9K 185 23
                                    

" ဂျောင်ဝန်း.. မင်းအိမ်ပြန်လိုက်တော့ "

သူ့ဆီသို့ အကြည့်တစ်ချက်တောင် မရောက်လာသည့် ဦးလေးကြီးထံမှ ထိုကဲ့သို့ ပထုတ်သည့်စကားကိုကြားလိုက်ရခြင်းက ဂျောင်ဝန်းကို အနည်းငယ်ဝမ်းနည်းသွားစေသကဲ့သို့ ရှေ့မှအမျိုးသမီးသည်လည်း အနည်းငယ် ကို့ရို့ကားယားဖြစ်သွားသည့်ပုံပင်။

" ဘာလို့လဲ.. ငါရောက်လာလို့ဆိုရင်တော့ ရပါတယ်
ငါလည်းအကြာကြီးမနေပါဘူး.. မတွေ့ကြာလို့
စကားခဏပြောရုံပါပဲ "

" ရတယ်.. သူကဘေးအိမ်ကကလေး
ခုလည်းပြန်မလို့ပြင်နေတာ.. လာ.. ဂျောင်ဝန်း "

ဦးလေးကြီး သူ့လက်ဖဝါးကို စိတ်လိုလက်ရဆုပ်ကိုင်လာခြင်းသည် ပထမဆုံးအကြိမ်ဖြစ်လောက်မည်ဆိုသော်လည်း အခြေအနေကတော့ဖြင့် ရင်ခုန်စရာဟုတ်မနေခဲ့။

ဂျောင်ဝန်းသည် ယခုကြုံတွေ့နေရသည့်အခြေအနေကို ဦးနှောက်ကအမှီမလိုက်နိုင်သဖြင့် ငေးငိုင်နေရာ ဦးလေးကြီးဆွဲခေါ်သွားသည့်အတိုင်း တံခါးအပြင်ဘက်သို့ ပါသွားရ၏။

သူ့ကိုအပြင်သို့ဆွဲပို့ပေးပြီးနောက် တံခါးကိုပြန်မပိတ်မီကြည့်လာသော ဦးလေးကြီး၏ အကြည့်များထဲတွင် စိတ်ရှုပ်မှုများအပြင် ဂျောင်ဝန်းအထင်တော့ ဝမ်းနည်းရိပ်များလည်း ရောယှက်နေသလိုခံစားရသည်။

ဘာကိုဝမ်းနည်းနေသလဲတော့ မသိပေမယ့် ဂျောင်ဝန်း ဦးလေးကြီးကိုထပ်ပြီး အထွန့်တက်ဖို့အတွက်တော့ တုန့်ဆိုင်းသွားရတော့လေ၏။ တံခါးပြန်ပိတ်သွားသည့်အခိုက် တဖြည်းဖြည်းပျောက်ကွယ်သွားသော ဦးလေးကြီး၏ပုံရိပ်ကို ငေးကျန်ခဲ့သည်ကသာ သူလုပ်နိုင်ခဲ့သည့်တစ်ခုတည်းသောအရာဖြစ်လေသည်။

_____________________________

" ကော်ဖီယူဦးမလား "

" ဟင့်အင်း.. ငါကော်ဖီမသောက်တတ်ဘူး "

သူမက ပေါ့ပေါ့ပါးပါးပေမယ့် အမြင်တင့်တယ်သည့် ဂါဝန်ရှည်တစ်ထည်ကိုဝတ်ထားပြီး ဆိုဖာပေါ်မှာပဲ တည်တည်ငြိမ်ငြိမ်ခြေချိတ်ထိုင်လိုက်၏။ ကိုင်လာသည့် အိတ်ကို စားပွဲပေါ်တင်ရင်း အငြင်းစကားဆိုမိသည့်အခိုက် အတွေးတစ်ခုဝင်လာကာ ပြုံးမိသွားရသည်။

ဘေးအိမ်က ကောင်ကလေး ( JAYWON ) Where stories live. Discover now