4

954 142 10
                                    

ယနေ့မနက်တွင်တော့ စောစောစီးစီး ဂျုံဆောင်းအတွက် သွားလာစရာကိစ္စတစ်ခုပေါ်လာခဲ့၏။

ထိုသွားလာရမည့်နေရာမှာလည်း အခြားမဟုတ်ဘဲ သူနာမည်ခံရုံသာခံ၍ ညီဖြစ်သူနှင့်ပစ်ထားသည်မှာ အတော်ကြာပြီဖြစ်သော စားဆောက်ဆိုင်သို့ပင်ဖြစ်သည်။

မနက်စောစော ဆောင်ဟွန်းဖုန်းဆက်လာသည်မှာ ဆိုင်ကိုတင်သွင်းနေကျဖြစ်သော အသီးအရွက်များ၏အရည်အသွေးကျလာမှုနှင့် ထိုကိစ္စကို သူတာဝန်ယူ၍ ဖြေရှင်းပေးရန်ပင်။ ဆောင်ဟွန်းလေသံက သူမှလာမဖြေရှင်းပေးလျှင် ဆိုင်ကိုချက်ချင်းပိတ်ချပစ်တော့မည့်ပုံနှင့် ဂျစ်တစ်တစ်ဖြစ်နေ၏။

ထို့ကြောင့် မနက်စာစားပြီးချက်ချင်းပင် ဂျုံဆောင်း  သင့်တင့်ရုံပြင်ဆင်၍ ထွက်လာခဲ့ရသည်။ ခြံထဲသို့ဆင်း၍ ကားပေါ်သို့မတက်မီ ခါတိုင်းထက် တိတ်ဆိတ်နေသော တစ်ဖက်ခြံထဲကို အနည်းငယ်လည်ဆန့်ကြည့်မိ၏။

မနက်ခင်းက အရမ်းကြီးမစောတော့သော်လည်း ယနေ့တွင်တော့ ဟိုဘက်အိမ်က အော့ကြော့လန်ကို အသံပင်မကြားရပေ။ ထူးဆန်းစွာပင် ။

ဂျုံဆောင်း ကိုယ့်ကိစ္စနှင့်ကိုယ်ရှိသည်မို့ အခြားအရာတွေခေါင်းထဲမထည့်တော့ဘဲ ကားမောင်း၍ ထွက်ခဲ့တော့သည်။

သို့သော် လမ်းထိပ်သို့ရောက်သည့်အချိန်တွင်ပဲ သူပျောက်နေသည်ဟု ခံစားရသော ယန်းဂျောင်ဝန်းကို လိမ္မော်ရောင်တောက်တောက် hoodie တစ်ထည်နှင့် ဆိုင်တစ်ဆိုင်ရှေ့တွင်ရှိနေကြောင်း ကားထဲမှလှမ်းမြင်လိုက်ရလေ၏။

ဘာဆိုင်လဲဆိုတော့ ပန်းဆိုင်။

ထို့ပြင် ပါးစပ်ကလည်းနားရွက်ကို တက်ချိတ်တော့မတတ်ပြုံး၍ လက်ထဲတွင် နှင်းဆီပန်းအဝါတစ်စည်းကိုကိုင်ထားပြီး ဝယ်ယူနေသည့်ပုံပေါ်သည်။

ရည်းစားနှင့်အချိန်ပြည့် လိုင်းပေါ်တွင်အီနေသော မြီးကောင်ပေါက်တစ်ယောက် ယခုလို မနက်စောစောစီးစီး လမ်းတွင် ပန်းစည်းဝင်ဝယ်နေရသည့်အကြောင်းပြချက်ကို မူလတန်းကလေးပင်သိ၏။

ဂျုံဆောင်း အလိုမကျစွာ မျက်မှောင်များကိုကြုံ့လိုက်မိပြီးနောက် ထိုမြင်ကွင်းကိုအကြည့်လွှဲ၍ ကားကိုပိုအရှိန်ထပ်တင်ကာ မောင်းထွက်ခဲ့လိုက်တော့သည်။

ဘေးအိမ်က ကောင်ကလေး ( JAYWON ) Where stories live. Discover now