"စာတွေကလည်း ခက်လိုက်တာကွာ ဘယ်ဘဝကဝဋ်ကြွေးတွေကြောင့် ဒီလောက်ခက်တဲ့စာတွေကို ကျက်နေရမှန်းမသိဘူး "
ကျောင်းပိတ်ရက်အိမ်မှာ စာကျက်နေရင်း ငြိမ်းချမ်းက အသံပြဲကြီးနဲ့ငြီးငြူသည်။ ဥာဏ်ကောင်းတယ်ဆိုတိုင်းမကျက်လို့လည်းမရပေ။ တစ်ခေါက်လောက်ကျက်လိုက်ရုံနဲ့အကုန်မှတ်မိနေတဲ့ ဦးဏှောက်မျိုးသာလိုချင်တော့သည်။
"စာမကျက်နဲ့လေ ကျောင်းထွက်ပြီးရေသန့်ဗူးကောက်ပေါ့ "
ငြိမ်းချမ်းအမေက လက်ဖက်သုတ်ပန်းကန်လေးလာချပေးရင်း ရွဲ့တဲ့တဲ့လေးပြောသည်။ ဒီကလေးက ဥာဏ်ကောင်းပေမယ့်စာလုပ်ရမှာတအားပျင်းသည်။
"အမေကလည်း သားလေးတစ်ယောက်တည်းရှိတာကို ရက်ရက်စက်စက်တွေပြောနေတာ "
"သွား လာမထိနဲ့ ကျက်စရာရှိတာဆက်ကျက် စာမေးပွဲက ဖင်ထဲဝင်တော့မယ် အခုထိ အိယောင်ဝါးလုပ်ကောင်းတုန်း "
ငြိမ်းချမ်းက ခါးလေးကိုဖက်ပြီး ရင်ခွင်ထဲတိုးကာချွဲသလိုလေးပြောတော့ ခေါင်းကိုမနာအောင်အသာေလးခေါက်ပြီး ဆူသလိုလေးပြောရသည်။ ထိုအခါမှ ငြိမ်းချမ်းက နှုတ်ခမ်းအနည်းငယ်ဆူပြီး စာကျက်လိုက် လက်ဖက်သုတ်စားလိုက်နှင့် ဟန်ကျနေတော့သည်။
"ခန့်ထူးကို သတိရလိုက်တာ ဟူး ...."
မနက်ကိုးနာရီလောက်ကတည်းက စာကျက်နေလိုက်တာ နေ့လည်တစ်နာရီလောက်နေမှ နားရတော့သည်။ စာကျက်နေတုန်းကတော့ တခြားဘာအတွေးမှ မရှိပေမယ့် စာကျက်ပြီးတာနဲ့ ခန့်ထူးကအတွေးထဲကို မဖိတ်ခေါ်ပဲဝင်လာသည်။
မျက်တောင်ရှည်ရှည်လေးတွေ ၊ အညာဘက်သွားတဲ့ အသားအရေညိုညက်ညက်လေးနဲ့ စကားအပြောမတတ်ပုံလေးတွေက ငြိမ်းချမ်းအတွက်တော့ ချစ်စရာကောင်းနေခဲ့သည်။
ဆယ်ကျော်သက်အရွယ်မှာ ကိုယ်နဲ့ လိင်တူယောက်ျားတစ်ယောက်ကိုပဲရင်ခုန်မိတာဟာ မှားလားမှန်လားသူမသိပေ။ အချစ်ဆိုတာကိုလည်း သေသေချာချာရေရေရာရာမထိတွေ့ဖူးသေးတဲ့အရွယ်မှာ ပထမဆုံးရင်ခုန်မိတာဟာ ယောက်ျားလေးတစ်ယောက်ဖြစ်နေခဲ့တယ်တဲ့လေ ။ မလွယ်ကူမှန်းသိပေမယ့် ရှေ့ဆက်တိုးတတ်တဲ့အကျင့်ဟာ လူငယ်တွေရဲ့သဘာဝပဲမဟုတ်လား...။
ESTÁS LEYENDO
𝑅𝑖𝑔ℎ𝑡 𝑃𝑒𝑟𝑠𝑜𝑛
Romanceပေါ့ပေါ့ပါးပါး ကျောင်းသားဘဝအချစ်ဇာတ်လမ်းပုံစံမျိုးလေးမို့ plotသိပ်ရှိမယ်လို့မထင်မိပါဘူး ။ *𝑐𝑜𝑣𝑒𝑟 𝑝ℎ𝑜𝑡𝑜 𝑓𝑟𝑜𝑚 𝑝𝑖𝑛𝑡𝑒𝑟𝑒𝑠𝑡*