ပုံမှန်ထက်အစောကြီးရောက်လာတာမို့ အခန်းထဲမှာ ကျောင်းသား တစ်ယောက်၊နှစ်ယောက်ကလွဲရင် ဘယ်သူမှမရှိသေးပေ။
"ဟဲ့ ရောက်နေကြတာ ကြာပြီလား ""အခုမှရောက်တာ သိပ်မကြာသေးဘူး"
ထက်ထက်လှိုင်ရဲ့ အမေးကို ငြိမ်းချမ်းက ခပ်တိုးတိုးပဲပြန်ဖြေလိုက်သည်။
"ကိတ်ကလေးက လှလိုက်တာ နင်ရွေးတာတော်သားပဲ "
"ဒါပေါ့ ခန့်ထူးသာရွေးရင် မျောက်သစ်ကိုင်းတန်းလန်းနဲ့ပုံကြီးဖြစ်နေမှာ အဟင်း"
ငြိမ်းချမ်းက ခန့်ထူးရဲ့ပုခုံးကို အသာယာလှမ်းတိုက်ပြီး မချိုမချဥ်အပြုံးနဲ့ပြောနေပုံက လှမ်းခေါက်ပစ်ချင်စရာ။
"အသာနေစမ်းပါ ငါ့ကိုခေါ်သွားပြီး ငါ့စိတ်ကြိုက်ကိတ်ကိုမရွေးခိုင်းဘူး"
"မင်းမွေးနေ့ကျရင်တော့ ရွေးခိုင်းမယ်လေ ။မင်းစိတ်ကြိုက် ကိတ်ပဲရွေးခိုင်းမှာမဟုတ်ဘူးနော် လိုချင်ရင် ငါကပါ မင်းရဲ့ကိတ်မုန့်ကလေးဖြစ်ပေးဦးမှာ သူငယ်ချင်းအတွက်အနစ်နာခံမှုလေးပေါ့ "
"အဲ့ကိတ်ကို တက်နင်းပစ်ဦးမယ်"
"ကလေးကုလားကွာ ရန်တွေ့နေတာ ချစ်စရာလည်းမကောင်းဘူး"
ငြိမ်းချမ်းက လိုချင်တာမရတဲ့ကလေးတစ်ယောက်လို စိတ်ကောက်နေတဲ့ ခန့်ထူးကို စနောက်နေပုံက တော်တော်အသည်းယားနေပုံပင်။
"ကဲ...တော်ပါတော့ဟယ် နင်တို့နှစ်ယောက် စချင်နောက်ချင်ရင် နောက်မှ ဇာတ်ထဲ၀င်ကြ အခုတော့ ငါ့ကိုဒီကိတ်ဘယ်နားဖွက်ထားရမလဲပြောဦး ဆရာမမြင်သွားရင် မအံ့သြတော့မှာစိုးလို့"
"မဟုတ်လည်း မြင်မှာပဲကို "
ခန့်ထူးရဲ့ ခပ်တိုးတိုးလေး ငြီးငြူသံအဆုံးမှာ ငြိမ်းချမ်းက မျက်နှာကြီးကို တမင်မဲ့ချလိုက်ပြီး
"မင်းတို့အညာမှာ ဆရာမတွေကို surpriseမလုပ်ပေးဖူးဘူးလားဟမ် ပြောပါဦး အညာသားလေးရဲ့"
"ဘာကိစ္စလုပ်ပေးရမှာ "
"ဟာ့ လုပ်ပေးသင့်တာပေါ့ ဆရာမဆိုတာ ..."

أنت تقرأ
𝑅𝑖𝑔ℎ𝑡 𝑃𝑒𝑟𝑠𝑜𝑛
عاطفيةပေါ့ပေါ့ပါးပါး ကျောင်းသားဘဝအချစ်ဇာတ်လမ်းပုံစံမျိုးလေးမို့ plotသိပ်ရှိမယ်လို့မထင်မိပါဘူး ။ *𝑐𝑜𝑣𝑒𝑟 𝑝ℎ𝑜𝑡𝑜 𝑓𝑟𝑜𝑚 𝑝𝑖𝑛𝑡𝑒𝑟𝑒𝑠𝑡*