"ဟဲ့ ..မနက်ဖြန်ကျရင် အတန်းပိုင်ဆရာမမွေးနေ့ရှိတယ်နော် "
"အင်း ...ဘာလို့လဲ အဲ့တာ "
"ငါတို့ ဆရာမကို ကိတ်ခွဲပေးရအောင်လေ အမှတ်တရလည်းဖြစ်တာပေါ့ "
"အင်း ငါအတန်းထဲကကောင်တွေကိုပါပြောကြည့်လိုက်မယ်လေ "
အတန်းထဲမှာ ဆရာမ ရှိတာမို့အားလုံးက တစ်ယောက်တစ်ပေါက်စကားတွေများကာ ဆူညံနေကြသည်။ ငြိမ်းချမ်းသည်လည်း ခန့်ထူးကို ငေးလို့ မောလို့..။
"ဟဲ့..ငြိမ်းချမ်း "
"ဟင် "
အရှိန်ပျက်သွားမယ့် ငေးမောခြင်းတွေကို အားနာရသည်။ သဘောကျပေမယ့်လေ...ချစ်မိနေပေမယ့်ပေါ့ သိတယ်မလား ဘာမှမဆုံးရှုံးခင် အချိန်လေးမှာ နောက်ဆုတ်ပေးလိုက်တာဟာ အေးချမ်းစရာကောင်းပါတယ် ။
"မနက်ဖြန် ငါတို့အတန်းပိုင်မွေးနေ့လေ သိတယ်မလား "
"မသိဘူးလေ "
"နင်ကလည်း အဲ့တာ ဆရာမအတွက်ကိတ်ခွဲပေးချင်လို့ အပြန်ကျ Royalမှာ ကိတ်သွားမှာပေးပါ့လား "
"ငါနဲ့က တောင်နဲ့မြောက်ကို ဘယ်လိုသွားရမှာလဲ "
"စက်ဘီးနဲ့သွားရင် ၁၀မိနစ်တောင်မကြာပါဘူးဟယ် ကပ်သပ်မနေစမ်းပါနဲ့ သွားပေးမှာသာသွားပေးစမ်းပါ နော် "
ငြိမ်းချမ်းက တစ်ချက်စဥ်းစားသလိုလေးလုပ်ပြီးမှ ခေါင်းငြိမ့်သည်။
"အင်း သွားမယ်လေ ....မင်းလည်းလိုက်ခဲ့နော်"
ခန့်ထူးရဲ့ ကျောကိုပုတ်ရင်း လိုက်ခဲ့ဖို့တောင် ခေါ်လိုက်သေးသည်။
"မလိုက်ချင်ဘူး ...သန့်စင်ကိုခေါ်သွားလေ"
"သူကမအားဘူးတဲ့ ...ဟေ့ကောင်မင်းမအားတဲ့အကြောင်း သူ့ကိုပြောပြလိုက်လေ "
"အမ် ....အေး ငါမအားဘူး "
သန့်စင်က ကြောင်တောင်တောင်လေးနဲ့ ဖော်လိုလိုက်ပေးရှာသည်။ တော်တော်ကျေးဇူးကြီးမားတဲ့ကောင်...
"လိုက်ခဲ့ပါကွာနော် ...ငါတစ်ယောက်တည်းသွားရမှာပျင်းလို့ "
"အင်း..အင်း ..ရှုပ်ကိုရှုပ်တယ်"
YOU ARE READING
𝑅𝑖𝑔ℎ𝑡 𝑃𝑒𝑟𝑠𝑜𝑛
Romanceပေါ့ပေါ့ပါးပါး ကျောင်းသားဘဝအချစ်ဇာတ်လမ်းပုံစံမျိုးလေးမို့ plotသိပ်ရှိမယ်လို့မထင်မိပါဘူး ။ *𝑐𝑜𝑣𝑒𝑟 𝑝ℎ𝑜𝑡𝑜 𝑓𝑟𝑜𝑚 𝑝𝑖𝑛𝑡𝑒𝑟𝑒𝑠𝑡*