Ep - 0

712 77 5
                                    


အင်ချွန်းလေဆိပ်မှာ စစ်စတာကြီးကို တွေ့သည်နှင့် ဖက်ကာ တရှုံ့ရှုံ့နဲ့ငိုနေသည့် အလယ်တန်း ကျောင်းသားအရွယ် မက်သရူးက မူလတန်းအရွယ်လောက် ခန္ဓာကိုယ်လေးက သေးငယ်လွန်းတာကြောင့် စစ်စတာကြီး ရင်ခွင်ထဲတွင် မြှုပ်နေက တသိမ့်သိမ့်ရှိုက်ငိုနေလေသည်..။ ထိုကလေးလေးမှာ မှီခိုစရာ တစ်ဦးတည်းသော အဘိုးဖြစ်သူက ဆုံးပါး သွားတာကြောင့် ကနေဒါကနေ ကိုးရီးယားကို ပြန်ခေါ်လာခဲ့ရခြင်းဖြစ်သည်။

"ကနေဒါက အမျိုးတွေက ခေါ်ပါသေးတယ်... မက်သရူး က စစ်စတာကြီးနဲ့ပဲနေမယ်တဲ့.."

ရှေ့နေက စစ်စတာကြီးရဲ့ မိဘမဲ့ဂေဟာ ရောက်တော့ စာရွက်စာတန်းတွေကို စစ်စတာကြီးဆီလှမ်းပေးရင်း အခြေအနေကို ရှင်းပြနေသည်။မက်သရူးကတော့ အဘိုး ဆုံးပါးမှုကို မေ့လျော့သွားသည့်အတိုင်း ဂေဟာ က ကလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင် ကစားနေသည်။

"အင်း.. ကလေးတွေအများကြီးနဲ့ဆို သူ စိတ်သက်သာရာ ရသွားမှာပါ.. "

စစ်စတာကြီး စကားက တစ်ဝက်သာ မှန်ပြီး တစ်ဝက် မှားနေခဲ့သည်... ဆိုတာ ကိုးရီးယားမှာ အလယ်တန်းစတက်တဲ့အချိန်မှာ မက်သရူး နဖူးတွေ့ ဒူးတွေ့ တွေ့လာရသည်..။

တခြားတော့ မဟုတ်.....ကျောင်းတွင်း အကြမ်းဖက်မှုပင်... ။ ကနေဒါမှာ မွေးဖွားခဲ့သည့် သူ့အတွက် ကိုးရီးယားစကားကို ကျွမ်းကျင်စွာ မပြောဆိုနိုင်သလို အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင်ရှိမှုက တခြား ကလေးတွေအတွက် မျက်စိစပါးမွေး စူးစရာဖြစ်လာပြီး အနိုင်ကျင့်မှုတွေ ဖြစ်ပွားလာရသည်။

"ငါတို့ စကားမတတ်ဘဲ ငါတို့ မြေပေါ်လာရဲသေးတယ်နော်.."

"တခြားဘာသာ တက်တော့ ဂုဏ်ယူစရာလား.. ကိုယ့်နိုင်ငံစကားက ကပေါက်တိကပေါက်ချာပြောနေပြီး.."

"သောက်တလွဲတွေ ပြောနေတာကို ချစ်စရာကောင်းနေတယ်လို့ ထင်နေတာလား.."

မက်သရူး ထက် လူကောင်ထွားသည့် ကျောင်းသားအဖွဲ့က မက်သရူး ကိုတွန်းထုတ် ကန်ကျောက် ကြသလို လွယ်အိတ်ထဲက ပစ္စည်းတွေကိုလည်း အကုန်သွန်ချကာ နင်းခြေပစ်ကြသည်..။ သို့သော် မက်သရူး သည် အငုံ့စိတ် ရှိနေတဲ့ သူမဟုတ်တော့ အားမတန်လို့ နည်းနည်းမာန်လျှော့ထားကာ အခွင့်ကောင်းကို အသားနာခံပြီး စောင့်နေခြင်းပင်........မျက်စိထောင့်နားကတွေ့လိုက်ရသည့် ခပ်လှမ်းလှမ်းက ‌ထောက်ချွန် ကို မက်သရူး ဆွဲယူကာ ဖွက်ပြီး ဆုပ်ကိုင်ထားလိုက်သည်။

Definitely To YouWhere stories live. Discover now