Ep - 9

387 60 4
                                    

"ခင်ဗျား ကဘာလာလုပ်တာလဲ....."

" ဟိုကောင်လေး.... .. သတိရလာပြီ... အဲ့ဒါ မင်း ဝင်ရှုပ်လို့ဖြစ်ရတာ...."

ဆောင်းဟန်ဘင်း .. အမေရင်းဖြစ်သော်ငြားလည်း အမေဟုပင် မခေါ်ထိုက်တော့သည့် အမျိုးသမီးကို နာနာကျည်းကျည်းပင် ကြည့်ကာ ခနဲ့သလို ပြုံးလိုက်သည်..။အဖြစ်ကတော့ ရယ်ရသား... မိထွေးက လင်ပါသား ကို အပြတ်ရှင်းပစ်ချင်လို့ လုပ်ကြံသော်လည်း..မိထွေးရဲ့သားအရင်းက ထိုလင်ပါသား ကို ကယ်လိုက်ခဲ့သည်တဲ့..။

ဆောင်းဟန်ဘင်း မှာ လူလည်းကယ်ခဲ့ရသေးသည်.. ကျေးဇူးအတင်မခံရတဲ့အပြင် ဟန်မိသားစု ဆက်ခံသူကို ကြံစည်သူ အနေနဲ့ပါ သံသယအဝင်ခံလိုက်ရပြီး စစ်ဆေးခံလိုက်ရသည့်အဖြစ်..တော်သေးတယ်.. အဲ့ဒီတုန်းက ၁၄ နှစ်တောင် မပြည့်သေးလို့သာ လူမှုရေးလုပ်ငန်း လုပ်အားပေးအဖြစ်နဲ့တာ ပြီးဆုံးခဲ့သည်...။ ဟန်ဘင်း ထို ကိစ္စကို နည်းနည်းလေးမှ အခဲမကြေခဲ့..။

"အော သတိရလာတာကောင်းတယ်..... အဲ့ဒီ့ကောင် ဦးနှောက် မပျက်သေးရင်တော့ ဘယ်သူက တရားခံအစစ်လဲ ပေါ်မှာပဲ.ဟဟား."

ဆောင်းဟန်ဘင်း ရက်စက်စွာပင် အော်ရယ်လိုက်မိသည်..။ အမေ ဆိုသူ၏ မျက်နှာက ပျက်သထက် ပျက်လာနေသည်..။ လေးလေးယွန်းကတော့ အခုထိ မျက်နှာထားတည်နေတုန်း...။ ကိုကြီးဂျွန် ကတော့ သက်ပြင်းသဲ့သဲ့ချလာသည်..။

လေးလေးယွန်း ပြောတာ သိပ်မှန်လွန်းသည်.. တစ်ခါတလေ မကောင်းတဲ့သူတွေက သူ့စရိတ်နဲ့သူ သွားတာပဲလို့..။

" ငါ့ ကို ဒီနိုင်ငံက ထွက်သွားလို့ရအောင်ရယ် တခြားနိုင်ငံမှာ အခြေချလို့ရအောင် လုပ်ပေး.. ဟန်အဘိုးကြီးနဲ့ အဘွားကြီးက သိရင် ငါ့ကို သတ်မှာ.."

သူမ က ကိုကြီးဂျွန်ကို တောင်းပန်တိုးလျိုးစွာပြောတော့ ဟန်ဘင်း ပိုလို့တောင် အော်ရယ်မိပြန်သည်..။ သူများ အဖိုးတန် မြေးကိုတော့ လုပ်ကြံဝံ့သူက သူ့ကို သတ်မှာတော့ ကြောက်တတ်သေးသည်...။

" ဒီနိုင်ငံက အပြီးထွက်သွားမှာလား.. ပြီးတော့ ငါတို့နဲ့ ဘယ်တော့မှ မပတ်သက်တော့ပါဘူး ဆိုတဲ့ စာချုပ်မှာလက်မှတ်ထိုးနိုင်လား.. အဲ့ဒီလို ငါ စီစဉ်ပေးမယ်.. "

Definitely To YouWhere stories live. Discover now