Ep - 4

451 80 0
                                    


"ငါတို့နဲ့ ကျောင်းကလူအများကြီး ကြားထဲ သူငယ်ချင်းတွေလို လာရောမနေနနဲ့.. လူတွေရဲ့ ပါးစပ်တွေ က ကြောက်ဖို့ကောင်းတယ်"

တကယ်တော့ ဘာကြောင့် မက်သရူး ထိုသို့စကားတွေပြောလဲ ဟန်ဘင်းကောင်းကောင်းကြီး သဘော ပေါက်ပါသည်..။ တစ်ကျောင်းလုံးရဲ့ စံပြကျောင်းသားက သူတို့နဲ့တစ်ရက်လေး ထမင်းအတူစားမိတာကို အားလုံးက တိုးတိုး တိုးတိုးနဲ့ပြောမဆုံး..။ ပိုဆိုးသည်က ဟန်ဘင်းတို့အတန်းပိုင်ဆရာမ ကမက်သရူး တို့ အခန်းကို စာဝင်သင်တဲ့အချိန်မှာ 'အပေါင်းကြောင့်ဂုဏ်တက် အပေါင်းကြောင့်ဂုဏ်ပျက်' ဆိုတဲ့ စကားကို ရုတ်တရက်ကြီး ရှင်းပြလာပြီး.. 'ကိုယ့်ကြောင့် သူများကို နစ်မွန်းအောင် မလုပ်သင့်ကြောင်း' တွေပါ ပြောကြားသွားသည်..။

စာသင်တာက စာသင်တာဆိုပေမယ့် ကမ်ဒမ့် စကားအရ ထိုစကားက သူတို့ကိုသာ ကြည့်ပြီး စောင်းပြောနေသည်နဲ့တူတယ်လို့ခံစားရသည်ဟုဆိုလာသည်..။ ကမ်ဒမ့်လို ပတ်ဝန်းကျင်သိပ် ဂရုမစိုက် တော်ရုံစောင်းပြောမြောင်းပြောဆို ဟိုဘက်နားက ဝင် ဒီဘက်နားထွက် လူကတောင် ပြောလာသည်.. ရင်ထဲကတွင် ကြိတ်ခံစားပြီး တွေးတောတတ်သည့် မက်သရူး ဆို ပိုဆိုးမည်..။ ထို့ကြောင့်သာ ထိုစကားမျိုး မက်သရူး ဆီက ထွက်လာခြင်းပင်..။

အဲ့ဒီ ပါးစပ်ပေါက်တွေ ပိတ်သွားအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ...!

" အိုင်းဂိုး ဘာလို့ဒီနေ့က နေက မတရား ပူနေတာတုန်း... "

ဟန်ဘင်း တွေးနေရင်းက မက်သရူး ငြီးငြူသံကြောင့် အတွေးစတို့ပြတ်သွားကာ ပြုံးစစ နဲ့ မက်သရူး အမှိုက်ကောက်နေသည့်နားသို့တရွေ့ရွေ့ လျှောက်သွားတော့သည်..။ထုံးစံအတိုင်း ကိုဆက်ဆက်မထိမခံ တို့အဖွဲ့က အပြစ်ပေးခံရပြန်ပြီ.. ဒီတစ်ကြိမ်တော့ ဆရာ က တစ်ကျောင်းလုံး ရှိသည့်အမှိုက်ကောက် ရန်သာဖြစ်သည်..။

" ငြီးမနေနဲ့.. မြန်မြန်လုပ်မှာ မြန်မြန် ပြီးမှာ ဟိုးနားတွေ အမှိုက်တွေ..."

ထီးဆောင်းထားသည့် ဟန်ဘင်းက နေ ကို ကွယ်ကာ မက်သရူး ရှိသည့်နေရာသို့ အရိပ်ကျစေသည့်တိုင် ပါးစပ်ကတော့ အလုပ်လုပ်ရန်ပြောပြီး အမှိုက်တွေရှိသည့်နားသို့ လက်ညှိုးတောင်ထိုးပြလိုက်ပါသေးသည်..။

Definitely To YouWhere stories live. Discover now