Ep - 11

365 59 22
                                    


ဆောင်းဟန်ဘင်း အလယ်တန်းပထမနှစ် မတက်မှီ

အသက် ၁၃ နှစ် ဝန်းကျင် ကလေးလေး ဆောင်းဟန်ဘင်း က အိမ်ကြီးတွင် တစ်ယောက်တည်းရှိနေပြီး ကိုယ်အပူချိန်တို့က တတိတိ တက်နေသည်..။ အဖေဖြစ်သူက စီးပွားရေးလိပ်ခဲတည်းလဲ ဖြစ်နေသည့်အချိန်မို့ ကြိုးစားရုန်းကန်နေရကာ အိမ်ပြန်မလာနိုင်သည့်ရက်က ခပ်များများ.. ဒါကလည်း အသုံးအဖြုန်းကြီးလွန်းသည့် သူ့ မိခင်ကြောင့်သာဖြစ်လိမ့်မည်...။

စားပွဲပေါ်က ဖုန်းကို ယူကာ အမေဖြစ်သူဆီ ဖုန်းလှမ်းဆက်လိုက်သည်..။

^ဘာလဲ...အလုပ်ရှုပ်ရတဲ့အထဲ..ပြောမြန်မြန်..^

အေးစက်စက် ခပ်မာမာ တစ်ဖက်က ပြန်ထူးသံကြောင့် လူကောင်ကြီးကြီး ကလေးလေး ဖြစ်သည့်တိုင် အသည်းငယ်လှသည့် သူ့မှာ မျက်ရည်တွေက ဝေ့ခနဲ..။

" မေမေ သား နေလို့မကောင်းဘူး..."

^ အလိုတော်.. နေမကောင်းတာ.. ငါ့ လာပြောတော့ ငါက ဆရာဝန်လား ဆောင်းဟန်ဘင်းရဲ့ မင်းမှာ ဆရာဝန် ဖုန်းနံပါတ်ရှိတယ်မဟုတ်ဘူးလား ဆက်ခေါ်လိုက်လေ.. ပြီးတော့ ကျားကိုးစီး စားမကုန်တဲ့ခန္ဓာကိုယ်နဲ့ နေမကောင်းဖြစ်တာလောက်နဲ့ လာ နုပြမနေနဲ့.. .. ဒါမှမဟုတ်.. မင်ယွန်းကို ခေါ်လိုက်ပေါ့.. ဟွန့်^

" မေမေ.. မေမေ..."

အဖေနဲ့အမေက ဆက်ဆံရေးမကောင်းမှန်းသိပေမယ့် အမေက အနည်းဆုံးတော့ သူ့ကို ဂရုစိုက်ဦးမည်ဟု ထင်ခဲ့ဖူးသည်..သို့သော် တစ်ဖက် ပြောချင်တာပြောပြီး ချသွားသည့်ဖုန်းကြောင့် ဟန်ဘင်းမျက်ရည်တွေ ပိုးပိုးပေါက်ပေါက်...။

အသက်ကြီးကြီး လူကြီးတွေတောင် နေမကောင်းတိုင်း အမေ တကြသေးတာ.. အသက် ၁၃ နှစ်သာသာ ဟန်ဘင်းက အမေ တ သည်က မထူးဆန်း..။ နေမကောင်းတဲ့အချိန်မှာ လူတိုင်း အားငယ်နေတတ်တာ ထုံးစံပဲမဟုတ်လား..။

ဟန်ဘင်း ကျနေသည့် မျက်ရည်တွေကို ပွတ်သုတ်ရင်း လေးလေးယွန်း ဆီက ဖုန်းဆက်လိုက်တော့သည်..။

^ အင်း.. ဘင်းနီး ပြော.. ဘာဖြစ်လို့လဲ သား..^

" လေးလေးယွန်း.. သား နေလို့မကောင်းလို့လေ အဲ့ဒါ.."

Definitely To YouWhere stories live. Discover now