" ဘင်းနီး မေးလ် ထဲ ... ဘင်းနီး စုံစမ်းပေးပါလို့ ပြောထားတဲ့ ကလေး သုံးယောက်အကြောင်း..လေးလေး ပို့ထားတယ်... သူတို့နဲ့ ငြိထားလို့လား ဘင်းနီး.."
လေးလေးယွန်းက တီဗီကြည့်နေသည့် ဟန်ဘင်း နားဝင်ထိုင်ပြီးမေးလိုက်တော့ ဟန်ဘင်း ခေါင်းခါပြကာ စားပွဲပေါ်က tablet ကို ဆွဲယူကာ မေးလ်ကို ဖွင့်ကြည့်နေသည်..။
" တခြားလူတွေက သိပ်ပြဿနာမရှိပေမဲ့ မက်သရူး ဆိုတဲ့ ကလေးကတော့ နည်းနည်း..."
လေးလေးယွန်း က ပြောနေရင် တစ်ဝက်မှာတင်ရပ်ပြီး သက်ပြင်းချလိုက်သည်..။ ထိုအချိန်မှာ ဟန်ဘင်း လည်း မက်သရူး အကြောင်း ဖတ်နေဆဲ...။
" စိတ်မပူပါနဲ့ ကျွန်တော် မိုက်ရူးရဲဆန်တာတွေ မလုပ်ပါဘူး.."
ဟန်ဘင်း က လေးလေးယွန်းဘက် စောင်းငဲ့ကြည့်ကာ ပါးရိုးအထက်က အချိုင့်လေးပေါ်လာသည့်အထိ ရယ်ပြပြီး ပြောလိုက်တာကြောင့် လေးလေးယွန်းက 'မင်း ခေတ်ပဲ လုပ်ပေါ့' ဟု အားပေးလာလေသည်..။
++++++++++++++++++
သိပ်မကြာခင်ကမှ လဲထားသည့် ဆိုင်ကယ်ပေါ် ခွ တက်ပြီး ရှေ့ကအရှိန်နဲ့ပြေးနေသည့် ကား အနက်ရောင်လေး နောက် လိုက်ရတော့သည်..။ ကံကောင်းစွာပင်ထိုပြိုင်ကားလေးကို မီလာတော့ ထိုကားနဲ့အနီးကပ်လို့ရသည့်အထိ ကပ်လိုက်ပြီး ဒရိုင်ဘာ ဘက်ခြမ်းက မှန်တံခါးကို သုံးချက်လောက် လက်သီးဆုပ်နဲ့ ထုလိုက်တော့ မှန်တံခါးက လျောကျလာသည်...။
ကားမှန်တံခါး လျောကျလာသည်နှင့် ဆိုင်ကယ်နဲ့ လူက ကားထဲက လူတွေကို လက်ခလယ်ထောင်ပြကာ ရန်စပြီးသည်နှင့် ဆိုင်ကယ် ကို တရကြမ်း အရှိန်ဖြင့် မောင်းထွက်ကာ အနက်ရောင်ကားလေးကို ကျော်တက်သွားသည်မို့ ကားထဲက သူတွေက ဒေါသူပုန်ထကာ ထိုဆိုင်ကယ်နောက်သို့ အရှိန်မြှင့်ပြီး ထပ်ချပ်မကွာ လိုက်ကြတော့သည်..။
ဆိုင်ကယ်သမားရဲ့ ဦးတည်ရာကတော့ ဆောက်လုပ်ရေးရပ်နားထားရသည့် စွန့်ပစ် အဆောက်အဦးတစ်ခု ရှေ့တွင် ဖြစ်ပြီး.. ဆိုင်ကယ်ကို တိုက်အောက်မှာတင်ရပ်ပစ်ခဲ့ပြီး လူကတော့ အဆောက်အဦးပေါ် ပြေးတက်သွားသည်မို့.. နောက်ကတောက်လျှောက်ကပ်ပါလာသည့် ကားပေါ်က လူ လေး ငါး ယောက် သည်လည်း သူ့နောက်မှ ပြေးလိုက် တက်လာနေဆဲ။

YOU ARE READING
Definitely To You
FanfictionBinthew Fanfiction { Start : Nov 10 , 2023 - End : Dec 16 2023 } ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်သာဖြစ်သည်။မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်မရှိပါ။