လက်မောင်းထဲ ဆူးခနဲစိုက်ဝင်လာသည့် အသွားချွန်သည့် အရာကြောင့် ဟန်ဘင်း တစ်ကိုယ်လုံးအသည်း ခိုက်မတတ်နာကျင်သွားရသည်..။ လွတ်နေတဲ့ အသိစိတ်တို့ ခပ်ဖြည်းဖြည်း ကြည်လင်လာတဲ့အချိန်မှာ သူ့ ရှေ့က မက်သရူးက ကြောက်လန့်နေပုံရသည့်နိုင် နောက်ထပ် ကျရောက်လာမည့် အန္တရာယ်ကို ရင်ဆိုင်ဖို့ လက်မရွံ့သည့် သဘောနဲ့ သူ့အားကြည့်နေပေမယ့် မျက်ဝန်းထဲ မျက်ရည်တွေက အပြည့်..
" မက်သရူး... မင်း..အာ့."
အဆင်ပြေရဲ့လား...ထိုစကားအစား လက်မောင်းမှာ စိုက်ဝင်နေသည့် အချွန်ကို မက်သရူးက ရုတ်ချည်းပြန် ဆွဲထုတ် လိုက်တာကြောင့် သူ နာကျင်စွာငြီးတွားလိုက်မိသည်..။
" မင်း ရှေ့ဆက်တိုးရင်း ငါ လည်ပင်း ငါ ထိုးဖောက်ပစ်မှာ... ဆောင်းဟန်ဘင်း.. အသိစိတ်ကပ်လို့.."
အချွန်ကို သူ့လည်ပင်းသူ ချိန်ရွယ်ရင်း ဟန်ဘင်း ကိုခြိမ်းခြောက်လာပေမယ့် မျက်ရည်ဥတွေကတော့ ပါးပြင်ထက်သို့ လိမ့်ဆင့်လာသည်.. သို့သော် ရှိုက်သံတော့ရှိမနေ..။
" ပစ္စည်းပြုတ်ကျသံတွေကြား....ကြား ....ဟင်... ဒါက ဘာတွေဖြစ်နေကြတာလဲ..!!!! မင်ယွန်း.!!.. အဲ့ကောင် ဆောင်းဟန်ဘင်း ကို ဆွဲထုတ်သွားစမ်း !!!"
ဆောင်းဟန်ဘင်း စကားမဟနိုင်ခင်မှာပဲ ကိုကြီးဂျွန်က တံခါးကို ဖွင့်ကာ ရောက်လာပြီး မြင်လိုက်ရသည့် အခြေအနေကြောင့် ဒေါသတကြီး အော်ဟစ်ကာ လေးလေးယွန်းကိုပင် အော်ခေါ်ပြီး သူ့အား အခန်းထဲက ဆွဲထုတ်သွားဖို့ပြောလာသည်..။ လေးလေးယွန်း ဆွဲခေါ်သွားတော့ မက်သရူး ကို သူ လှည့်ကြည့်မိတော့ ဒူးနှစ်ဖက်ကို ပိုက်ကာ တသိမ့်သိမ့် ရှိုက်ငိုနေသည့်ပုံရိပ်ကို မြင်လိုက်ရသည်..။
မက်သရူး နဲ့ သူ ဒီနေ့ ကိုကြီးဂျွန် ။ လေးလေးယွန်း တို့နဲ့ညစာစားဖို့ ချိန်ထားခဲ့သည်မဟုတ်လား.. ကြည့်ရတာ လူကြီးနှစ်ယောက်က အိမ်သို့စောစောပြန်လာခဲ့ကြပုံပင်..။
" ဘာဖြစ်ကြတာလဲ.. ဘင်းနီး.. ဟမ်... ပြောလေ.. "
" အာ့..."
ဟန်ဘင်းကို ဆွဲခေါ်လာသည့် လေးလေးယွန်းက ဧည့်ခန်းထဲရောက်တော့ ဟန်ဘင်း လက်မောင်းနှစ်ဖက်ကို ခပ်ကြမ်းကြမ်း ဆွဲကိုင်လှုပ်ရင်း မေးတော့ အချွန်နဲ့အထိုးခံထားသည့် နေရာကို ဖိမိသွားသလိုဖြစ်တာကြောင့် ဟန်ဘင်း ထပ်ပြီး ငြီးတွားလိုက်ပြန်သည်..။ လေးလေးယွန်းအမေးကိုတော့ ပြန်မဖြေဘဲ နှုတ်ဆိတ်နေမိသည်။

YOU ARE READING
Definitely To You
FanfictionBinthew Fanfiction { Start : Nov 10 , 2023 - End : Dec 16 2023 } ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်သာဖြစ်သည်။မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်မရှိပါ။