" သေချာလား မင်းအင်္ကျီ မဟုတ်ဘူးဆိုတာ..."
" အင်း သေချာတယ်... ဘာလုပ်ဖို့လဲ အင်္ကျီ ပိုင်ရှင်ရှာပြီး.."
" အဲ့ဒါ ငါ့ကိစ္စပါ... ကဲ သိပြီလား.. ငါ ဆွန်းဟန်ဘင်း ကို အခုမင်းကို မေးတာနဲ့တထပ်တည်းမေးပြီး သူကလည်း မင်းလိုပဲ မဟုတ်ဘူးလို့ ပြန်ဖြေလိုက်တယ်.. ရှင်းပြီလား.. သူနဲ့ငါ ကြား ဘာဆိုဘာမှမရှိဘူး..."
" အာ... ဟင်း.. မင်း ဟန်ဘင်း ဆိုတိုင်း ဦးနှောက်အပေါက်ကြီးဖြစ်သွားသလို ပြေးထွက်ပြီး လိုက်ရှာနေတာ ဒီ အင်္ကျီ ကြောင့်လား.. ဟက်... ဆော့မက်သရူး ကတော့ အချိန်တွေ သိပ်ပေါနေလို့ အလုပ်မဟုတ်တာတွေ လုပ်နေတာပဲ....ရသ စာပေကိုသာ အဲ့ဒီလောက် အာရုံစိုက်ရင် အမှတ် ၇၀ ကျော်လောက်တယ်.."
ဟန်ဘင်း တစ်ယောက် မက်သရူး ကို ဆူပြောပြောလိုက်တော့ မက်သရူးက သူ့ကို 'ရေနွေးအိုးကြီး' ဟု မျက်စောင်းထိုးကာ ပွစိပွစိပြန်ပြောရင်း သူ့ဖုန်းကို ဟန်ဘင်း လက်ထဲ ကနေ ပြန်ယူလိုက်သည်..။
" ငါ စိတ်မချရအောင် မလုပ်နဲ့.. ဆော့မက်သရူး ... ငါတို့အတွက် အရေးကြီးနေတဲ့အချိန်မှာ မင်းအတွက် ဝန်လေးစေမယ့် စကားတွေ တရားဝင် ငါ မပြောချင်ဘူး.."
" အမယ် ကျေးဇူးတင်လွန်းလို့ ထိုင်တောင် ကန်တော့ချင်လာပြီ...အခုပြောနေတာနဲ့ပင် တော်တော် ဝန်လေးနေပြီ ဆောင်းဟန်ဘင်းရဲ့.. မင်းက ပါးစပ်ကသာ မပြောသာ မင်းအပြုအမူတွေကြောင့် နာကမ်ဒမ် ရော ဂျေး ရော အကုန်သိ.. တော်သေးတယ် တော်သေးတယ်.. ကျောင်းမှာ စကားလာမပြောနဲ့ မသိချင်ယောင်ဆောင်နေလို့ စကားခံမိလို့သာပဲ.. မဟုတ်ရင်တော့လည်း သူတို့ရဲ့ အသည်းကျော် စံပြ ကျောင်းသားလေးကို ငါက ပြုစားထားပါတယ် ဆိုတဲ့ အသံတွေ ထွက်လာဦးမှာ.. "
မက်သရူးက မျက်မှောင်ကျုံ့ ကာ နှုတ်ခမ်းပါးတို့ကို မဲ့ကာ ရွဲ့ကာဖြင့် ပြောလာသည်...။ သူ သောက်ရမ်းသဘောကျ သည်..ဆော့မက်သရူး ရဲ့သာမန်ကာလျှံကာ အပြုအမူအသေးသေးလေး တွေက အစ..။
" အဲ့ဒါတွေ မင်း စိတ်ပူစရာမလိုဘူး.. မင်းက မင်းစာ မင်း အာရုံစိုက်နေရင် ရပြီ.. "
YOU ARE READING
Definitely To You
FanfictionBinthew Fanfiction { Start : Nov 10 , 2023 - End : Dec 16 2023 } ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်သာဖြစ်သည်။မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်မရှိပါ။