Part 2{ပဲ့တင်သံ}

2.4K 23 0
                                    

Unicode

ရွေးချယ်ခံထားရသောလူအယောက်၂၀၀သည် မှန်သားပြင်တစ်ဖက်တစ်ချက်ရှိလူအုပ်ကိုကြည့်ဖို့အမိန့်ကျလာတော့သည်။ထိုသည်ကားအပြစ်ပေးခန်းပင်တည်း။ထိုလူအယောက်၂၀၀တို့မလှုပ်မယှက်ကြည့်နေသောမှန်သားပြင်တစ်ဖက်တစ်ချက်တွင်
အရှိုးရာတို့ပြည့်နှက်နေသော၁၅နှစ်အရွယ် အီသလစ်အမည်ရသောကောင်လေး၊ထိုကောင်လေး၏လည်ပင်းတွင် လျှပ်စီးထုတ်လွှတ်သောလည်ပတ်တစ်ခုတပ်ဆင်ပေးထား၍လက်တို့တွင်သံလက်ထိပ်များဖြင့်ခတ်ကာအပေါ်ရှိတန်းလျားတွင်
ချိတ်ဆွဲထားသည်။ထိုတန်းသည်လူကြီးတစ်ရပ်စာမျှမြင့်သောကြောင့်ထိုကောင်လေးခြေဖျားတို့
မြေကြီးနှင့်ထိသည်ဆိုယုံသာရှိပြီးခန္ဓာကိုယ်ကတော့လေထဲတွင်သာ။ထိုကောင်လေး၏လေးဖက်လေးနှံတွင်နေရာယူထားသောဆလိုက်မီးများနှင့်ကင်မရာများသည်လည်းအသီးသီးနေရာယူထားကြသည်။
ခေါင်းရင်းခြေရင်းတွင်သံတိုင်များနှင့်လက်ထိပ်များအသီးသီးချိတ်ထားသောအိပ်ရာခင်းဖြူလွှလွှခင်းလျက်ရှိသည့် ကုတင်တစ်လုံးကလည်းအသင့်ရှိနေ
သည်။
တမျိုးတဖုံသောမီးရောင်တို့ကျရောက်သောထိုကောင်လေး၏ခန္ဓာကိုယ်သည် ညမိုက်အမှောင်မှာ
ပင်လယ်ပင်ကိုလရောင်ဟပ်သကဲ့သို့
တလက်လက်ထလျက်ဖြူဖွေးသောအသားအရည်
နှင့်​အံကြိတ်ထားသောမျက်နှာထားကိုပိုမိုပေါ်လွင်စေသည်။ထိုအခန်းအတွင်းသို့လူ၅ယောက်ဝင်လာကာနံရံပေါ်ရှိနာရီကို startခလုတ်နှိပ်ကာ လုပ်ငန်းစတင်ပါသည်။
ထိုအတူ လူအယောက်၂၀၀ရှိနေသောမှန်၏တစ်ဖက်တချက်တွင်လည်းလူ၅ယောက်ဝင်လာကာလူ ၄၀စီအဖွဲ့ခွဲ၍ နည်းပြတစ်ဦးစီအဖြစ်နေရာယူကာအီသလစ်ကိုကြည့်စေသည်။
Cameraတို့စတင်recordယူ၍ထိုလူ၅ယောက်စတင်လှုပ်ရှားခဲ့လေသည်။

"အေသ ဘယ်သူကမင်းရဲ့သခင်လဲ"

"ငါ့မှာသခင်မရှိဘူး ခွေးမသားကြီး"

"ဟား ဒီကောင်အကြောက်တရားမရှိပါလား"

"ဖြောင်းး!"

ထိုလူ့လက်သံမည်မျှပြောင်သည်မသိပန်းနုရောင်သန်းနေသောပါးလေးသည်ချက်ချင်းနီရဲသွားလေသည်။

"ခွေးမသား လို့မင်းခေါ်တာဘယ်သူတဲ့လဲ"

"ခွေးကျင့်ခွေးကြံကြံတဲ့ ခင်ဗျား  ခွေးမသား  ထွီ"

1759{Season1}Where stories live. Discover now