{Body of yours} 2

586 12 4
                                    

Unicode

မိနစ်နှစ်ဆယ်လောက်အကြာတွင်ရေစိုနေသော
အီသလစ်ခန္ဓာကိုယ်လေးကိုပွေ့ပြီးရေချိုးခန်းထဲမှပြန်ထွက်လာလေသည်။အပြင်စားဆေးသုံးထားသည်ဖြစ်၍အီသလစ်မျက်နှာလေးပန်းရောင်သမ်းနေဆဲပင်။

"မင်းကသေချင်လို့ သူ့ကိုအဲ့လောက်ထိလိုက်
ကြည့်နေတာလား"

"မ မဟုတ်ပါဘူး "

"ထွက်သွားတော့"

"ဟို အပြင်မှာအရမ်းအေး. ."

"အဲ့တော့"

"လရောင်ဘယ်သူ့ကိုမှဒုက္ခမပေးပါဘူး ငြိမ်ငြိမ်လေးပဲနေပါ့မယ် ခိုင်းတာလည်းအကုန်လုပ်ပါမယ်"

"မရဘူး"

အီသလစ်ကိုစောင်များခြုံလျက် သို့သော်ဒဏ်ရာများကသွေးထွက်နေဆဲပင်။

"သူသွေးမတိတ်သေးဘူး  သွေးထွက်လွန်သွားရင်စိုးရိမ်ရတယ် အဝတ်လေးနဲ့ဖြင့်ဖြင့်ဆေးလိမ်းပြီးဖိထားပေးမှနည်းနည်းအဆင်ပိုပြေမယ်ထင်တယ်"

"မင်းကဘာမို့လို့ ပြောနေတာလဲငါသိတယ်"

"သူ့ကိုလိုက်ကြည့်မနေနဲ့ ရိုက်သတ်ပစ်လိုက်မယ် ဟိုဘက်လှည့်နေ"

Finnပြေသည့်အတိုင်းကျွန်ုပ်လည်းနံရံဘက်သို့မျက်နှာမူထားလိုက်သည်။

"အေသ မင်းဘာလို့လက်နဲ့လိုက်ကာနေတာလဲ ဆေးထည့်ပေးမို့လေ"

"မမကြည့်နဲ့ "

"ဘာလို့လဲ"

". .ရှက်တယ် "

"လွန်ခဲ့တဲ့နာရီပိုင်းလောက်ကမှ ကိုယ်နဲ့မင်းနဲ့ခန္ဓာကိုယ်ချင်း. ."

"မပြောပါနဲ့တော့ ဖယ်ကိုယ့်ဘာကိုထည့်လိုက်မယ်"

"အေသ မင်းခန္ဓာကိုယ်မှာကိုယ်မထိဖူးတဲ့နေရာ
မကြည့်ဖူးတဲ့နေရာ မနမ်းဖူးတဲ့နေရာမရှိဘူးလေ
မင်းလေးကဘာလို့ အဲ့လောက်တောင်အရှက်သည်းရတာလဲ"

"ဖယ်နေ ကျုပ်ကိုလွှတ်"

"မဖယ်ဘူးကွာ မင်းလှုပ်ဖို့တောင်အနိုင်နိုင်ကို
ဘယ်လိုပုံစံမျိုးနဲ့ထဖို့ကြံနေတာလဲ
လက်ဖယ်"

"မလုပ်နဲ့ ခင်ဗျား. ."

"ဟာကွာ မင်းနည်းနည်းနာမယ်နော် တော်တော်လေးကွဲထားလို့ အရမ်းနာနေလားဟင်"

1759{Season1}Where stories live. Discover now