Part 5{"လွန်ကြိုး"}

887 16 0
                                    

မှတ်ချက်။  ။အသုံးအနှုန်းရိုင်းနိုင်ပါသည်။

ထိုမနက်ကကျွန်ုပ်ကိုခပ်စပ်စပ်ရိုက်နှိုးမည့်လက်တစ်စုံကိုကျွန်ုပ်စောင့်နေမိသည်။
တူတူရယ်မောမယ့်သူတစ်ယောက် ဘာမှမရှိတော့ရင်
တောင် တစ်ယောက်ကိုတစ်ယောက်ရယ်အောင်လုပ်နိုင်မယ့်သူတစ်ယောက်။
ထိုလူကျွန်ုပ်ဘဝထဲတွင်နောက်တစ်ခါထပ်မတွေ့ရတော့ပါ။ကျွန်ုပ်ထိုညကတညလုံးငိုခဲ့သည်ကြောင့်မျက်စိတို့စပ်ကာဝါးနေသည်။မနက်ခင်းထိအိပ်မရခဲ့သလိုထိုအဖြစ်အပျက်အလုံးစုံက ​ယနေ့အချိန်ထိခြောက်လှန့်နေဆဲပါ။ကြမ်းတမ်းစွာဆက်ဆံခံရမှုများ
အောက်မှာနာကျင်နေနှင့်ပြီးသားသူတစ်ယောက်၏
ခေါင်းထဲသို့ အရှိန်ပြင်းပြင်းနစ်ဝင်သွားသောကျည်ဆံသည်ထိုလူ၏ဝိညဥ်ကို ခန္ဓာကိုယ်မှအပြီးအပိုင်ထွက်ခွာသွားစေခဲ့သည်။

ထိုနေ့ကကျွန်ုပ်မနက်စာလွတ်ခဲ့သည်။လာနှိုးမည့်
သူ မလာနိုင်တော့မှန်းသိရက်နဲ့ စောင့်နေခဲ့မိသည်။
သို့သော်သူဟာထိုနေ့မှစ၍ မည့်သည့်နေ့မှထပ်မလာနိုင်တော့သလို လာလည်းမလာတော့ပါ။

ကျွန်ုပ်ချောင်တွင် ကပ်ကာထိုင်ငိုနေချိန်တွင်
သခင်တစ်ယောက်ကျုပ်ကို အကြီးအကဲအခန်းသို့လာခေါ်သည်။ထိုကြောင့်မျက်ရည်များသုတ်ကာလိုက်သွားရသည်။

ထိုအခန်းထဲရောက်တော့မော့မကြည့်ရဲသေးပါ။
ဒူးထောက်အရိုအသေပြုနေရာမှလုပ်ပင်မလှုပ်ရဲပါ။

"လရောင် မင်းကိုတိုင်ထားတာရှိတယ်
ငါတို့အရေးကြီးတဲ့ဧည့်သည်ကိုမင်း ဆန္ဒမဖြည့်ဆီးပေးနိုင်ဘူး"

"ဟုတ် ကျွန်ုပ်မှားသွား.. . ဟင်"

စာရေးစားပွဲခုံ၏နောက်ရှိထိုင်ခုံတွင် သခင်ကြီးက
ထိုင်နေလေသည်။သူခန္ဓာကိုယ်အပေါ်ပိုင်းတွင်
အကျီဝတ်ထားခြင်းမရှိ။ပိုဆိုးသည်ကားသူ့ရင်ခွင်ထဲတွင်သတိမရှိနေသောအီသလစ်ကိုတွေ့ရလေသည်။
လည်ပင်းမှခုံနောက်မှမြင်ရသည့်နေရာထိmarking
ရာများညိုမဲစွဲနေပြီး နှုတ်ခမ်းတို့မှာ နီရဲပေါက်ပြဲနေလေသည်။မြင်ရသည့်မြင်ကွင်းအရတော့ သခင်ကြီးအရာကအီသလစ်ထဲမှမထုတ်ရသေးပါ။
နီညိုရောင်ရှိသော ဆံပင်တိုတိုပါးပါးကပ်ကပ်လေးများကိုလက်ဖြင့်သပ်ကာနမ်းရှိုက်နေသည်။
ထို့နောက်ပိတ်ထားသောမျက်ခွံလွှာတို့ကိုနမ်းရှိုက်ကာ
မျက်နှာလေးကိုကြည့်ပြီးပြုံးနေလေသည်။

1759{Season1}Where stories live. Discover now