Part 10 {screen}

521 6 0
                                    

Unicode
မည်မျှကြာအောင်ကျွန်ုပ်တို့နှစ်ယောက်ကိုသယ်၍ပြေးခဲ့သည်မသိ မောဟိုက်ကာ ချွေးပေါက်များတသီးသီးကျနေသောခန္ဓာကိုယ်တွင်အကျီမှာ
ချွေးများဖြင့်ချပ်ကပ်လျက်ခန္ဓာကိုယ်ဖွဲ့စည်းပုံကအထင်းသားပင်။မကြာမှီပင်အကူရောက်လာသော
ခတ္တဓ၏အဖွဲ့များကကားကိုယ်စီရပ်ကာအီသလစ်နှင့်ကျွန်ုပ်ကိုကူသယ်ပေးကြသည်။ကျွန်ုပ်ကိုလွှတ်ပေးလိုက်သော်ငြားအီသလစ်ကိုဆွဲလိုက်မိသောသူတစ်ယောက်ထိုနေရာတွင်ပင်
"ဒိုင်းး"

"ထိရဲရင်ထိကြည့်စမ်း သူ့လိုပဲဘဝကူးသွားစေရမယ်"

ရောက်လာသောသူများအားလုံးဒူးထောက်ကာကြောက်ရွံ့နေကြပြီး ခတ္တဓ အီသလစ်ကိုချီကာကားပေါ်တက်သွားပြီးမှပြန်လည်ထလာကြသည်။
ကျွန်ုပ်ကိုလည်းကားတစ်စီးတွင်လိုက်စေကာ ပါလာသောဆရာဝန်ဖြစ်ပုံရသူက ခေါင်းနှင့်ဒဏ်ရာရသည့်နေရာတိုင်းကိုဆေးထည့်ပေးလေသည်။
ထို့နောက်အိပ်ဆေးတစ်လုံးထိုးပေးကာအိပ်စေသည်။
အိပ်ဆေးအရှိန်ဖြင့်မည်မျှကြာကြာအိပ်ပျော်သွားသည်မသိသော်ငြား နားမှပီသစွာကြားလိုက်ရသော
ထိုလူသားလေး၏နာမည်ကြောင့်
မျက်စိတို့ဖြေးဖြေးချင်းဖွင့်ကြည့်မိသည်။
ကားပေါ်တွင်ပဲရှိသေးသောငြား ကျွန်ုပ်ပါလာသည့်ကားရှိသူများ၏အစီစဥ်ဆွဲနေသောအကြောင်းအရာကြောင့်သွေးပျက်သွားသည်။

" ခတ္တဓက သဘက်ခါဆို  နိုင်ငံခြားသွားရမှာကွ"

"ဟေ့ကောင်ရ ဟုတ်လို့လား ဟိုကအီသလစ်ကိုတော်တော်ချစ်တာနော် အကုန်သေကုန်မှဖြင့်"

"ဟားဟား မသေပါဘူးကွ ငါတို့အီသလစ်အိမ်လည်းသိနေတာပဲ ပြီးတော့သေချာတယ် အီသလစ်ကိုဝယ်လိုက်တုန်းကဒေဝါလီခံလိုက်ရတဲ့သူ့ကုမ္မဏီတွေကိုအဖတ်ဆယ်ရဦးမှာ ငါကြားလိုက်တယ်"

"မင်းကဘယ်ကကြားတာလဲ"

"သခင်ကြီးနဲ့ဖုန်းပြောနေတုန်းကကွ သူ့အဖေကိုယ်တိုင်ပြောမှတော့မသွားပဲရမလား ဟားဟား
အဲ့ကြားထဲငါတို့ပျော်လို့ရတာပေါ့"

"ဖြစ်ပါ့မလားကွာ"

"မင်းကလည်း ဘာလို့အဲ့လောက်ကြောက်နေတာလဲ"

1759{Season1}Where stories live. Discover now