Part 13{Blank}

462 4 0
                                    

Part 13{Blank}
Unicode
" အမေ့ နာတယ် နာတယ်. . "

"ကိုသိတယ် ကလေး ကိုရှိတယ်နော် ငြိမ်ငြိမ်လေး
နေနော် "

မတူစွာနူးညံ့လွန်းသောလေသံဖြင့် ခတ္တဓ
ရင်ခွင်ထဲမှအီသလစ်ကို
ဆရာဝန်များဝန်းရံ၍ ဒဏ်ရာလေးများချုပ်ပေးနေရာမှရုတ်တရတ်သတိပြန်လည်လာသူ​ကြောင့်အခက်တွေ့နေကြသည်။
ခတ္တဓ၏အကျီတွင်တင်းကျပ်စွာဆုပ်ကိုင်ထားသော
လက်ကလေးများတုန်ရီလျက်
"တော်. ..တော့ "
"ခဏလေးပဲလေနော် ခဏလေးပဲကြာသွားရင်
ပိုနာလိမ့်မယ် လိမ္မာတယ်နော်ကလေးကလိမ္မာတယ်
ကိုတို့ပြီးရင် ဟိုတံတားလေးမှာသွားထိုင်ကြမယ်လေနော် ပြီးတော့မှာ ကိုယ့်ကလေးကသန်မာတာပဲ"
လွန့်လူးလျက်တုန်ယင်နေသောခန္ဓာကိုယ်လေးပန်းရောင်သန်းကာချွေးစီးများပြန်လျက်
ဆေးတစ်ပုလင်းပြီးတစ်ပုလင်း တစ်ချောင်းပြီး
တစ်ချောင်း ချိတ်သွင်းလျက် အတန်ကြာသော
ချုပ်လို့ပြီးသွားလေသည်။
မောပန်းကာပင်ပန်းသွားသောထိုကလေးလှုပ်ပင်မလှုပ်တော့
ခတ္တဓမှချွေးများကိုအဝတ်ဖြင့်ညင်သာစွာသုတ်ပေးကာ
"ရှိန်း မင်းငိုနေတာလား ကလေး"

"ကျွန်တော်မငိုဘူး "

"ဘာမှမဖြစ်တော့ဘူးနော် အရာအားလုံးပြီးသွားပြီနော် မကြောက်နဲ့ကိုရှိတယ် ကိုမင်းဘေးမှာအမြဲရှိနေပေးမှာ"

"ဟားဟားဟား  ဘာမှမဖြစ်တော့ဘူး ခင်ဗျားကအာမခံနိုင်လို့လား ဟမ် ပြောစမ်းပါ ခင်ဗျားအာမခံနိုင်လို့လား"

"အာမခံနိုင်တယ် အကယ်၍မင်းသာ"

"ကျုပ်ကဘာဖြစ်လဲ"

"မင်းသာကိုယ့်ကိုလက်ထပ်ရင် ကိုယ်အာမခံနိုင်တယ်"

"ဟားဟား ဘယ်လိုစောက်အဓိပ္ပာယ်မရှိတဲ့စကားလဲ
လဲသေလိုက်"

"ကိုသိပါတယ် မင်းလက်မခံနိုင်မှာ ကိုအတင်းအကျပ်မလုပ်ပါဘူး မင်းကိုယ့်နဲ့စေ့စပ်ရင်တောင်
ကိုအာမခံနိုင်တယ်"

"တော်စမ်းပါ အိမ်မက်မက်နေလိုက်သေအောင်"

"ကို့ကလေးက ရန်စွာချင်ရင်အားအင်အပြည့်ပါလား"

"ခင်ဗျားမရွံဘူးလား"

"ကိုကဘာကိုရွံရမှာလဲ"

1759{Season1}Where stories live. Discover now