{"ဖယောင်းရုပ်တု"} 4

521 10 0
                                    


Unicode

ကျွန်ုပ်ခန္ဓာကိုယ်အောက်ပိုင်းမှနာကျင်မှုများဆတိုးလာသည်နှင့်အတူ လူဘယ်နှစ်ယောက်ဦးဆောင်ခဲ့ပြီးပြီးပြီကိုလည်းမသိ။
သေချာသည်က လူစစ်ပြီးရှော့ချတော့မည့်အချိန်ရောက်လာလေပြီ။
ကျွန်ုပ်တို့၁၀ယောက်ဆီမှရှေ့ဆုံးတစ်ယောက်မှစ၍
ကောက်ချက်ချခံရလေသည်။

"မျက်နှာအမူအရာမလှဘူး အသားအရည်ကြမ်းတယ် ခံစားချက်မကောင်းဘူး သေဖို့လုံလောက်နေပြီ"

"ဒိုင်းး!"

ထိုအတိုင်းအစဥ်လိုက်တစ်ယောက်ပြီးတစ်ယောက်
အသက်မရှိတော့ရာမှ ၄ယောက်မြောက်တွင်
ကျွန်ုပ်မျက်စိထောင့်မှအဖြူရောင်ပုံရိပ်ကလေး
လှုပ်ရှားလာသည်။ထို့နောက်မည်သည်ကရသည့်
ဘလိတ်ဓားမှန်းမသိလည်ပင်းတွင်ထောက်ကာ

"ခင်ဗျားတို့တော်တော့  လွန်လွန်းနေပြီ တအားပဲ
အရမ်းလွန်နေပြီ"

"အီသလစ်!!"

"အေသ!!မင်းလက်ထဲက ဓားကိုချထားစမ်း"

သခင်များပြာရာခတ်ကုန်ကာအီသလစ်နာပြေးသွားကြသည်။
အီသလစ်ကနောက်သို့ဆုတ်ကာသူ့လည်ပင်းမှဓားကိုအနည်းငယ်ဆွဲလိုက်သည်။ကျလာသောသွေးများက
markingရာများပြည့်နှက်နေသောရင်ဘတ်ပေါ်သို့စီးကျကုန်သည်။

"အီသလစ်!!!"
သခင်များပြိုင်တူအော်ကာပြေးသွားကျလျှင်

"ရပ်လိုက် အနားတစ်လှမ်းထက်တိုးလာကြည့်လိုက်
ခင်ဗျားတို့သိပ်ကြိုက်တဲ့ကျုပ်ခန္ဓာကိုယ်စုတ်ပြတ်
သတ်သွားစေရမယ်"

သခင်များရပ်တန့်ကုန်ကာ အီသလစ်ဆီမှဓားလုရန်
အကြံထုတ်နေကြသည်။

"လိမ်မာတယ်နော် ကလေးး ဓားကိုချလိုက် "

"မချတော့ဘာဖြစ်ချင်လဲ"

"သူတို့တွေတောင်ပြောစကားကိုနာခံတာ
မင်းလည်းနာခံရမယ်လေ"

"ကျုပ်က သူတို့မဟုတ်ဘူး ရှင်းလား"

အီသလစ်နောက်ကိုဆုတ်ဆုတ်သွားသည်နှင့်အမျှသခင်တို့ကလည်းရှေ့သို့တိုးတိုးသွားလေသည်။
ထိုအခါသခင်တစ်ယောက်မှအီသလစ်
လက်ထဲမှဘလိတ်ဓားကိုပြေးလုကာချုပ်ထားလိုက်လေသည်။
လည်ပင်းမှဒဏ်ရာကိုအဝတ်ဖြင့်ဖိကာအခန်းအပြင်သို့ထုတ်သွားကြလေသည်။
မှိန်းမျှော့ကာနာကျင်နေသောခန္ဓာကိုယ်နှင့်အတူကျွန်ုပ်တို့၇ယောက်သာကျန်ခဲ့လေသည်။
အတန်ကြာသော်သခင်တစ်ယောက်ဝင်လာကာကျွန်ုပ်တို့ကိုနေရာသို့ပြန်ပို့ပေးလေသည်။ဤတစ်ကြိမ်သည်လည်းအီသလစ်ပေးသောအသက်ပင်တည်း။

1759{Season1}Where stories live. Discover now