Part 4 {"ကြွေရုပ်ကလေး"}

1.3K 18 0
                                    

Unicode

ကျွန်ုပ်အပြစ်ပေးခံရပြီးနေရာသို့ပြန်ရောက်သော်
ထုံးစံအတိုင်းအီသလစ်မရှိနေပါ။
ကျွန်ုပ်တို့ထက်စာလျှင်မျိုးရိုးမြင့်သောအီသလစ်က
ညသန်းခေါင်လျှင်နေအိမ်သို့ပြန်ခွင့်ရှိပါသည်။
ထိုအတွက်လည်းအပေးအယူအနေဖြင့်အများကြီးပေးဆပ်ထားခြင်းကြောင့်ဖြစ်သည်။
ကျွန်ုပ်တို့နေထိုင်ရာ ကျယ်ပြန့်မာကျောအေးစက်
သောတမံတလင်းနှင့်တံခါးတစ်ချက်မျက်နှာကြက်
နှင့်မီးသီးတစ်လုံးသာရှိသောထိုညီစို့စို့ ပြတင်းပေါက်မရှိအလုံအခန်းတွင်ဖျင်စ၊ကတ္ထူစများပေါ်၌တစ်ဦး
နှင့်တစ်ဦးဖက်ကာအောက်တမံတလင်းမှအအေးဒဏ်ကိုသက်သာစေသည်။
ကျွန်ုပ်နှင့်တစ်နှစ်နီးပါးသာကွာသောနေထက်နားသို့
ဝင်လှဲကာ အကြောဆန့်လိုက်သည်။
အပြစ်ပေးခံထားရသောကြာပွတ်ဒဏ်များကြောင့်
ကျောပေါ်တွင်မအိပ်နိုင်ပါ။ထို့ကြောင့်နေထက်ဘက်သို့လှည့်လိုက်လျှင့် နေထက်၏ဂုတ်စပ်မှကျောကုန်းသားတို့တွင်markingရာများကိုတွေ့လိုက်ရသည်။

"နေထက်  မင်းဒီနေ့ဧည့်သည်လာသေးလား"

"အင်းဟုတ်တယ်"
ကျွန်ုပ်ဘက်လှည့်လာသူနေထက်ကထီပေါက်နေသောမျက်နှာနှင့်ပင်။

"မင်းနာနေလား ကိုယ်ပူနေသေးလား မှန်းစမ်း"

နဖူးကိုစမ်းကြည့်တော့ အဖျားမရှိနေသောကြောင့်စိတ်အေးရပါသည်။ဒီနေရာတွင်အဖျားအကြီးအကျယ်တက်သူဟူ၍အီသလစ်မှလွဲ၍တစ်
ခြားသူမရှိပါ။

"မပူပါဘူးကွာ ဒီနေ့ဧည့်သည်ကကောင်းပါတယ်ကွာ
ငါ့ကိုမုန့်ဖိုးတောင်ပေးသွားသေးတယ်"

"ဟုတ်လား ငါ့ကောင်ကစွံတာပဲ ဘယ်လောက်တုန်း "

"၁၀၀၀၀ကွ"
ဂုဏ်ယူနေသောမျက်နှာပေးဖြင့် နေထက်ခါးကြားထဲမှ၁၀၀၀၀တန်ကိုထုတ်ပြသည်။နေထက်သည်
ရုပ်ချောသည့်ထဲမပါသောငြားချစ်မွှေးပါသည်။
ထို့အပြင်အပြုအစုတော်သူဖြစ်သောကြောင့်
မုန့်ဖိုးလည်းခဏခဏရသူဖြစ်သည်။
ကျွန်ုပ်ကတော့ရုပ်မချောအပြုအစုမကောင်းသည့်အပြင်ကျက်သရေပါတုန်းသေးသည်။

"မင်းကံကောင်းချက်ကွာ "

"မင်းကောဒီနေ့ဧည့်သည်လာတယ်မလား လရောင်"

1759{Season1}Where stories live. Discover now