Part 14 {Blank}

466 6 0
                                    


Unicode

"ဖယ်စမ်း ဆုတောင်းလိုက်ပါလား"

"မင်းငြင်းတာလား ရှိန်းထက်"

"ခင်ဗျားဒီနေ့ဘာဖြစ်နေတာလဲ ဖယ်လို့ ..အွန်းး.

စတုတ္ထအကြိမ်နမ်းခြင်းတွင်ခတ္တဓမျက်နှာတွင်အပြုံးများဝေဆာလျက်

"ပြောချင် ဦး ကိုယ့်ကိုကိုရွံစရာလို့"

"ခွေးမသား  အဟွတ် အဟွတ်"

"အသက်ကိုဝဝရှု အများကြီးအနမ်းခံရဦးမှာ"

"ခင်ဗျား မူး မူးနေတာလား"

"ကိုမမူးပါဘူး"

"ခင်ဗျား မျက်စိတွေ  က..."

"ကို့မျက်စိတွေကဘာဖြစ်လဲ"

"လေးနေတယ် ခင်ဗျားမူးနေတာ ဖယ်အခုဖယ် အွန်းး. .

တော်ရုံနှင့်မလွှတ်ပေးလျက် ငတ်မွတ်နေသောသူကဲ့သို့နမ်းရှိုက်လျက်

"ကိုမမူးပါဘူးဆို"

အီသလစ်မှာမောဟိုက်နေသောကြောင့်စကားပြန်မပြောနိုင်သေးပေ။

"မင်းကိုတစ်ခုခုလုပ်လိုက််မှာကိုကြောက်နေတာလား"

"ဘာ ဘာလို့ ကပ် လာတာ.."

"ဟင် ရှက်နေတာလား ကို့ကလေးက"

"ခင်ဗျား ခင်ဗျား. .."

"ခင်ဗျား ဘာဖြစ်လဲ ဆက်ပြောလေ မင်းနှုတ်ခမ်းလေးတွေဘာလို့ တဆတ်ဆတ်တုန်နေတာလဲ"

"ဖယ်. ..ကျွန်တော် အဆင်မပြေဘူး"

"ကို.. ကိုတောင်းပန်ပါတယ် မင်းကို ကိုစလိုက်တာ
ကိုဖယ်ပေးမယ်နော်"

အီသလစ်ပေါ်မှအုပ်မိုးထားရာမှထထိုင်လိုက်ကာ
အီသလစ်ပါးကိုကိုင်လျက်

"ကိုအရမ်းလွန်သွားတယ် ကိုတောင်းပန်ပါတယ်"

"ကျုပ်ကို မထိနဲ့ ခင်ဗျားလက်ကိုဖယ်လိုက်စမ်း"

"ဟုတ်ပြီ ကိုမထိပါဘူး မင်းသဘောပါ ကိုညစာလုပ်
လိုက်ဦးမယ် မင်းလှဲနေနော် ကလေး"

ခတ္တဓထွက်သွားသည်နှင့် ပြတင်းပေါက်ဆီသို့သွားကာတွယ်ဆင်းသွားသောထိုကလေး ကျွန်ုပ်အနောက်မှ လိုက်ကာ ကြည့်ရသည်။ မြင့်မားလွန်းသောထိုနံရံကိုလက်သေးသေးလေးများဖြင့်တွယ်ဖက်ကာ ဆင်းနေခြင်း။
ရင်တုန်နှုန်း၂ဆမြင့်ကာကျွန်ုပ်ထိုအခန်းမှပြေးထွက်ကာ ခတ္တဓရှိမည်ထင်သောပန်းကန်တွေ့သည့်အခန်းကိုပြေးလာခဲ့လေသည်။

1759{Season1}Where stories live. Discover now