Part 8{"ဖယောင်းရုပ်တု"}

766 10 0
                                    


Unicode
Warnning : :Contain extreme r*pe

"ဒီနေ့မင်းတို့ကို သင်ခန်းစာအသစ်တစ်ခု အလုပ်အတွေ့အကြုံအသစ်တစ်ခုပေးမှာဖြစ်တယ်
အဲ့တာကြောင့် မင်းတို့စိတ်ကော လူကောပြင်ဆင်ထားပါ ၁၀ယောက်ဆီကနေစပြီး သင်ရမယ်
မနာခံနိုင်တဲ့လူ ခုထဲကကြိုထွက်လို့ရတယ်"

ကျွန်ုပ်တို့အားလုံးမလှုပ်မရပ်အသီးသီးတန်းစီကြ
ရလေသည်။နောက်လာမည့်ငရဲကမည်သည်မှန်းမသိ။အသက်အရွယ်အရကြီးသည့်ထဲပါ၍ပထမ
အကြိမ်တွင် ပထမအသုတ်ဖြစ်၍ ဒုတိယအကြိမ်တွင်နောက်ဆုံးအသုတ်ဖြစ်သည်။

ရေချိုးခန်း၊သခင်ကြီးရုံးခန်းနှင့်hallခန်းတို့ကိုဖြတ်ပြီးနောက် တံခါးအနီရောင်ဖြင့်အခန်းအသစ်တစ်ခုကိုတွေ့ရလေသည်။အသစ်ဆောက်ထားသည့်ပုံအရအိမ်သုတ်ဆေးအနံ့တို့ကစိမ်းရွှင်ရွှင်ဖြစ်သည်။
ထိုအခန်းသို့ဝင်သွားရာဆေးမသုတ်ရသေးသောနံရံများကအောက်ခံအဖြူကိုဆိုးထားသောကြောင့်တစ်ခန်းလုံးဖြူစွတ်နေလေသည်။ထိုအခန်း၏အလယ်တွင်King size bed တစ်လုံးကနေရာယူထားပြီး
ထိုအပေါ်ကအိပ်ယာခင်းဖြူဖြူပေါ်တွင်
လက်ထိပ်ခြေထိပ်တို့ဖြင့်ခတ်ထားသောသတိမရှိနေသည့်အီသလစ်ရှိနေလေသည်။သူ၏ကိုယ်ပေါ်တွင်အဖြူရောင်ဇာအကျီကိုယ်ကျပ်နှင့်အဖြူရောင်
အမွှေးပွဂွမ်းသားကဲ့သို့သော် အောက်ခံဘောင်းဘီမျိုး
ဝတ်ထားလေသည်။ထိုဘောင်းဘီတွင်ပန်းရောင်
English စာလုံးလေးများကိုစာမတတ်သည့်လရောင်
မဖတ်တတ်ခဲ့ပါ။

ထိုကုတင်၏ဘေးတွင်ကြီးမားသောသေတ္တာတစ်လုံး
ကပ်လျက်ရှိနေလေသည်။

"မင်းတို့ကွင်းဆင်းရမှာဆိုတော့ ၅မိနစ်ပေးမယ်
ရေသွားချိုးကြ မင်းတို့ထိရမယ့်လူကအီသလစ်
ကိုယ့်ကိုကိုအသန့်ရှင်းဆုံးလုပ်လာခဲ့"

ကျွန်ုပ်ခေါင်းနပန်းကြီးသွားသည်။သခင်ကဘာလုပ်ခိုင်းဖို့စဥ်းစားထားသည်ကိုမသိ။သို့သော်ကောင်း
သည့်အရာတော့ဟုတ်မည်မထင်။
လွန်ဆန်၍မရသော အမိန့်တို့ကိုနာခံကာ ခန္ဓာကိုယ်ကိုအသန့်ရှင်းဆုံးဖြစ်စေရန်ဆပ်ပြာ၅ခါတိတိလျင်မြန်စွာတိုက်ပြီးနောက်ပေးသောအဝတ်များကိုဝတ်ဆင်ကာပြန်တန်းစီလိုက်သည်။ကျွန်ုပ်တို့ကိုပေးသောဝတ်
စုံများမှာ အဝတ်စများကဲ့သို့အဓိကနေရာမှလွဲ၍မည်သည့်နေရာမှမလုံနေပါ။

1759{Season1}Where stories live. Discover now