15

16.2K 1.4K 182
                                    

' အစ်ကို အခု ဘာလုပ်​​နေလဲ။ '

​ဝေဟင်က ထမင်းစားခန်းထဲမှာ ဖြစ်ကာ laptopကို စားပွဲ​ပေါ် တင်ထားပြီး ခုံမှာ ထိုင်​နေရင်း ​နေနိုင်းနှင့် စကား​ပြော​နေတာဖြစ်သည်။​ဝေဟင် အ​နောက်မှာ​တော့ ရန်နိုင်က ဟိုသွားဒီသွားဖြင့် အလုပ်ရှုပ်​နေသည်။ laptopမှာ မြင်​နေရသည့် ​နေနိုင်းကိုလည်း ရန်နိုင်က ပြုံးပြ နှုတ်ဆက်သွား​သေးသည်။

' ထမင်းစားမလို့ ... ရန်နိုင်က ဟင်း​တွေ ​နွှေး​​ပေး​နေတာ။ ခဏ​နေ ဘန်​ကောက်မှာရှိတဲ့ ည​စျေးကို သွားမှာ။ '

​နေနိုင်းက နှာ​ခေါင်း​လေး ရှုံ့ပြသည်။

' အတူလိုက်ခဲ့ချင်တာ ... ​​လေယာဥ်လက်မှတ်က အဆင်မ​ပြေလို့။ မနက်ဖြန်မှ လိုက်ခဲ့ရမှာ။'

' တစ်ရက်ပဲဟာကို '

' ဟုတ်ကဲ့ပါ ... မနက်ဖြန် ​လေဆိပ် လာကြို​ပေးမယ်မလား။ '

ရန်နိုင်က microwaveထဲ ထည့်​​နွှေးပြီးသား ဟင်းပန်းကန်​တွေကို စားပွဲ​ပေါ်လာချ​​သည်။

' ဒါ​ပေါ့ ...လာကြိုမှာ​ပေါ့ '

​ခရမ်း​ရောင် အင်္ကျီလက်ရှည်၏ ညာဘက်လက်​လေးကို ဆွဲတင်လိုက်ပြီး လက်မှာ ထိုးထားသည့် အနက်​ရောင် Tattooကို နေနိုင်းက ​ဝေဟင့်အား အနီးကပ်ပြသည်။

' ဘာ​နေ့လဲ သိလား။ '

​ဝေဟင်က ကြက်သား​စင်း​ကော​ကြော်ကို ဇွန်းဖြင့် ​ကော်စားလိုက်ရင်းမှ ဗလုံးပ​ထွေးဖြင့် ​ပြောသည်။

' ရှစ်လပိုင်း ဆယ်ရက်  ... ကိုယ် အ​​ဖြေ​ပေးတဲ့ ရက်စွဲမလား။ '

' အစ်ကိုမှတ်မိတယ်ပေါ့ ... '

အတွဲ​တွေ စကား​ပြော​နေကြသည်ကို မ​နှောက်ယှက်ချင်တာမို့ ရန်နိုင်က စားပွဲအစွန်းထိ သွားပြီး ထမင်းစားသည်။ ရန်နိုင်၏ အဘွားနှင့်ဦး​လေးတို့ လင်မယားက ထိုင်းမှာပဲ အ​ခြေချ ​နေကျသည်မို့ Hotelမှာ တည်းစရာမလိုဘဲ ဒီအိမ်မှာသာ တည်းဖြစ်ကြသည်။ ဟင်း​တွေကစ အဘွား ချက်​ပေးတာ ဖြစ်သည်။

' မှတ်မိတယ်​ပေါ့ဆိုတာ ဘာစကားကြီးလဲ။ မမှတ်မိဘဲ ​နေမလား။ '

Cherry  Blossoms (Completed )Where stories live. Discover now