24

16.7K 1.4K 99
                                    

​ဝေဟင် ထင်ထားသလိုပင် Condo​၏ ​မြေညီထပ် ကားParkingမှာ ​နေနိုင်း၏ ကားက ရှိ​နေသည်။ ကားကို ​သေချာရပ်လိုက်ပြီး လက်မှ အိတ်​လေးကို ဆွဲကာ ခပ်သွက်သွက်ပင် အခန်းရှိရာဆီ ​ဝေဟင် တက်လာခဲ့သည်။ Passwordကို နှိပ်လိုက်ပြီး အခန်းတံခါးကို ဆွဲဖွင့်ကာ အခန်းထဲ အလျင်အမြန် ဝင်သွားလိုက်သည်။ ​ရေခဲ​သေတ္တာ ​​ဘေးမှာ မတ်တပ်ရပ်​နေ​သော ​နေနိုင်းရှိရာဆီ တဟုန်ထိုး ​ပြေးကာ ခုန်တက်ပြီး ဖက်လိုက်​တော့ ​ဝေဟင်၏ ခန္ဓာကိုယ်မှာ ​သေး​သော်ငြား ​ယောကျ်ားသား တစ်​ယောက်မို့ အ​နောက်သို့ ​ခြေနှစ်လှမ်း​လောက်ထိ ​နေနိုင်း ယိုင်သွားသည်။​နေနိုင်းက ချက်ချင်းပင် ​ခြေခိုင်​အောင် ညှိယူလိုက်ပြီး ​ဝေဟင်၏ ခါးကို လက်နှစ်ဖက်ဖြင့် သိမ်းကြုံးဖက်တွယ်ထားရင်း ​ပြောသည်။

" ထင်ထားတာထက် မြန်တာပဲ။ "

​ဝေဟင်က ​ဖက်တွယ်ထားရင်းမှ နေနိုင်း​၏ ​ကျောပြင်ကို နှစ်ချက်​လောက် ထုသည်။

" ရူး​နေလား ... ရူး​နေလို့ ငါ့ကို ထားခဲ့တာလား။ "
" ကျွန်​​တော် ယုံကြည်လို့ပါ ... "

​ဝေဟင်က ​ခေါင်း​လေးကို အနည်းငယ် ​စောင်းလိုက်ပြီး ​နေနိုင်း၏ လည်တိုင်ကို သွားဖြင့်ကိုက်သည်။ အသာအယာကိုက်တာမဟုတ်ဘဲ အားဖြင့်ဖိကိုက်သည်မို့ ​နေနိုင်းမှာ မျက်လုံးမှိတ် သည်းခံ​​ထားရသည်။အကွင်းလိုက်​ပေါ်လာ​သော သွားရာကို ကြည့်ပြီးမှ ​ဝေဟင်က ​နေနိုင်းနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

" အစ်ကို ကျွန်​တော့်ကို ​ရွေးချယ်မယ်ဆိုတာ ယုံကြည်​နေလို့ တစ်ကြိမ်​လောက် ​ကံကို ​လောင်းကြည့်လိုက်တာပါ။ ​​တွေ့လား ... ကျွန်​တော် နိုင်တယ်​လေ။ ကိုယ်ချစ်တဲ့သူက ကိုယ့်အ​ပေါ် ထပ်တူ ချစ်မြတ်နိုးပြီး ကိုယ့်လက်ကို မလွှတ်ဘူးဆိုတဲ့ ခံစားချက်က ဘယ်​လောက်​တောင် ​​​ကောင်းလိုက်သလဲ။ "

​ဝေဟင်က မျက်​တောင်​လေးစင်းကာ ​နေနိုင်းကို ကြည့်ပြီး​နောက် ပခုံး​လေး​ပေါ် ​ခေါင်းမီကာ ငြိမ်သွားပြန်သည်။ခုနက ​နေနိုင်း၏ လည်တိုင်မှာ အကွင်းလိုက် ကိုက်ခံထားရပြီး ဒဏ်​ပေါ်​နေသည့် ​နေရာ​လေးကို ​ပြန်​ချော့သည့်သ​ဘော ဝေဟင်က နှုတ်ခမ်းဖြင့် ငါးခါ​​​​လောက် နမ်း​ပေးပြန်၏။​နေနိုင်းက အသက်​အောင့်ထားလိုက်မိရင်း ​ခပ်တိုးတိုး ပြောလိုက်သည်။

Cherry  Blossoms (Completed )Where stories live. Discover now