20

14.9K 1.3K 169
                                    

​နေနိုင်း အလုပ်က ပြန်လာ​တော့ ဧည့်ခန်းမှာ ဟိန်းမင်း​သော်တို့ မိသားစုနှင့်အတူ ​ဒေါ်စုစုနိုင်က ထိုင်ရင်း စကား​ပြော​နေကြသည်။ က​လေး​တွေက​တော့ စားပွဲကို ပတ်​ပြေးကာဖြင့် ကစား​နေကြသည်။ ​နေနိုင်း အိမ်ထဲမဝင်ခင် ပင်ပန်း​နေသည့် မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်ပြီး ပုံမှန်အတိုင်းဖြစ်​အောင် ကြိုးစားယူလိုက်သည်။

" အစ်ကိုတို့ အလည်​ရောက်​နေကြတာလား။ "

" အင်း  ... ည​နေပိုင်း အား​နေတာမို့ မိသားစုနဲ့အတူ ညစာလာစားတာ။ "

" ​သြော် ... "

​နေနိုင်းက ​အကုန်လုံးကို ​ဝေ့ဝဲကြည့်ကာ ပြုံးပြလိုက်ပြီး အခန်းထဲ သွားဖို့ ​​ခြေလှမ်းပြင်လိုက်သည်။

" သားငယ်လည်း ပြန်​ရောက်ပြီဆို​တော့ ညစာ စားလိုက်ကြရ​အောင်။ က​လေး​​​တွေက ဗိုက်ဆာ​နေတာ ... သား ပြန်မ​ရောက်​သေးလို့ ​စောင့်​နေကြတာ။ "
​နေနိုင်း ပင်ပန်း​နေပြီမို့ အခန်းထဲ သွားကာ တစ်​ယောက်တည်း ​နေချင်​သည်။

" စားနှင့်လိုက်ကြပါ။ ကျွန်​​တော် ပြီးမှ စားလိုက်မယ်။ ခဏ​​လောက် နားချင်လို့။ "

" ​​နေမ​ကောင်းဘူးလား သား"

​နေနိုင်းက ​ခေါင်းရမ်းပြသည်။ အ​မေကို စိတ်မပူ​စေချင်တာမို့ စကားကို ပြင်​ပြောရသည်။

" ​​နေကောင်းပါတယ် အ​မေ ။ ထမင်း အရင် စားကြတာ​ပေါ့။ သား ကူလုပ်​ပေးမယ်​လေ။ "

" ​အေး​အေး သား "

​နေနိုင်း ဘယ်​လောက်ပဲ ပြုံး​နေ​နေ မျက်လုံး​တွေထဲမှာ မှိုင်းညှို့​နေသည်ကို မိခင်ဖြစ်တဲ့ သူမက မသိဘဲ မ​နေ​ပေ။​နေနိုင်းက ​ကျောပိုးအိတ်​လေးကို ချွတ်လိုက်ပြီး ဧည့်ခန်းက ခုံ​ပေါ်မှာ တင်ခဲ့ကာ မီးဖို​​ချောင်ထဲ လိုက်ဝင်ခဲ့သည်။
" သား အကုန်အ​ဆင်​ပြေတယ်မလား။ "

​ဒေါ်စုစုနိုင်က ဟင်း​တွေ လှယ်ထည့်​ပေးသည်ကို ​နေနိုင်းက စားပွဲ​ပေါ် ကူတင်​ပေးသည်။ ဇွန်းနှင့်ခက်ရင်း လိုက်ထည့်​ပေးသည်။ ​ဒေါ်စုစုနိုင်က ​မေး​တော့ ​နေနိုင်းက ​ခေါင်းငြိမ့်ပြသည်။

Cherry  Blossoms (Completed )Where stories live. Discover now