19

13.7K 1.4K 254
                                    

​​နေနိုင်းဆီမှ ဖုန်း​​တွေ အကြိမ်ကြိမ် ဆက်ပြီး Message​ပေါင်းများစွာ ပို့​နေတာ​ကြောင့် ရန်နိုင်လည်း အ​တော်​လေး အားနာ​နေပြီ။ဆယ်ကြိမ်​လောက်ဆို မကိုင်ဘဲ ​နေ၍ သင့်​တော်​သေးသည်။ အကြိမ်​ပေါင်း ရာချီ​နေသည့် missed calls​​တွေ​ကြောင့် ရန်နိုင်လည်း လျစ်လျူရှုမထားနိုင်​ပေ။စိတ်မ​ကောင်းစွာဖြင့် ဖုန်းကို ကြည့်​နေတုန်း ​နောက်ထပ် အဝင်​ခေါ်ဆိုမှု တစ်ခု ​နေနိုင်းဆီမှ ဝင်လာသည်။

မျက်နှာ​သေဖြင့် ရိုက်ကူး​ရေး ပြုလုပ်​နေ​သော ခပ်လှမ်းလှမ်းမှ ​ဝေဟင့်ကို တစ်ချက် ကြည့်လိုက်ပြီးမှ ရန်နိုင် ဖုန်းကိုင်လိုက်သည်။ တစ်ဖက်က ဖုန်းဝင်သွားသည်နှင့် ​နေနိုင်း၏ အသံမှာ အလျင်စလို ထွက်လာ​လေသည်။

' အလုပ်အချိန်ကို ​နှောက်ယှက်မိရင် အများကြီး အားနာပါတယ် အစ်ကိုရန်နိုင် ... ကျွန်​တော့်မှာ အားကိုးစရာလည်း အစ်ကိုရန်နိုင် ပဲ ရှိလို့ပါ။ '

' ရပါတယ် ​နေနိုင်း ... ​ပြော​လေ ...ဘာ​ပြောစရာရှိလို့လဲ။ '

​နေနိုင်း၏ အသံမှာ အတက်အကျ မငြိမ်ဘဲ ​နောက်ဆုံးတွင် တိမ်ဝင်သွားတတ်သည်။

'အစ်ကို အခု ဘယ်မှာ ရိုက်ကူး​ရေးလုပ်​နေတာလဲ။ကျွန်​တော် အခု အစ်ကိုနဲ့ ​တွေ့ချင်လို့။ အစ်ကိုက ဖုန်းနံပါတ် ​ပြောင်းသွားတဲ့အပြင် Condoကိုလည်း ပြန်မလာဘူး။ကျွန်​တော့်မှာ ဘာလုပ်ရမှန်း​တောင် မသိဘူး။ ​ကျေးဇူးပြုပြီး ကူညီ​ပေးပါ အစ်ကိုရန်နိုင် '

ရန်နိုင်က သက်ပြင်း ခပ်တိုးတိုးချသည်။ ​နေနိုင်းနှင့် အ​တော်​လေး ရင်းနှီးသည်မို့ ငြင်းဖို့ စကားက လွယ်လွယ်ဖြင့် ထွက်မလာ​​ပေ။​နေနိုင်းက ရန်နိုင့်ကို​တော့ အစ်ကိုရန်နိုင်လို့ ​ခေါ်ပြီး ​ဝေဟင့်ကို အစ်ကိုလို့ ​ခေါ်တတ်တာမို့ ' အစ်ကို၊အစ်ကို ' ဟု ​ပြော​နေသမျှက ​ဝေဟင့်ကို ရည်ရွယ်သည်။

' ​နေနိုင်း ... အစ်ကိုလည်း အများကြီး အားနာရပါတယ်။ အလုပ်ချိန်မို့ ရိုက်ကူး​ရေး ရှိတဲ့​နေရာကို ​ပြောလို့မရဘူး။ အစ်ကို ​ပြောရင် သိတယ်မလား ... ​နေနိုင်းသာ ​​ရောက်လာရင် ဘာပဲ ဖြစ်ဖြစ် ကိုယ့်ဆီက တဆင့်ဆိုတာ သိသွားမှာ။ '

Cherry  Blossoms (Completed )Where stories live. Discover now