23

16.2K 1.4K 146
                                    

​နေနိုင်းက ​တော်​တော်​လေး အိပ်​မောကျ​နေသည်မို့ ​အိပ်ယာမှ ​ဝေဟင် အသာ​လေး ထ, လိုက်သည်။ ​နေနိုင်းကို ခါးကိုင်းကြည့်လိုက်ပြီး ​ပါးပြင်​နေရာကို လက်​ညှိုးထိပ်ဖျား​လေးဖြင့် ခပ်ဖွဖွ ထိ​တွေ့လိုက်သည်။

" ​တော်​တော်​လေး ပင်ပန်းထားပုံပဲ။ အိပ်​နေလိုက်တာများ​လေ။ "

တစ်ညလုံးနီးပါး ​ ​ဝေဟင့်ဘက်မှာ အသာစီး ယူကာ ခြုံထားမိသည့် ​စောင်ကို ​နေနိုင်း၏ ကိုယ်​ပေါ် အပြည့်အဝ လွှမ်းခြုံ​ပေးလိုက်သည်။ ​အေး​နေတာ​တောင် ခန္ဓာကိုယ် တစ်ခြမ်းသာ ​စောင်ခြုံထားပြီး လက်ပိုက်လျက်သာ အိပ်​နေသည့် ​နေနိုင်းက ​ကိစ္စ​သေး​သေး​လေးမှ စပြီး ဝေဟင့်ကို ဦးစား​ပေးဖို့ ကျင့်သားရ​နေပုံပင်။

နံနက် ငါးနာရီ​​ကျော်သာ ရှိ​သေး​ပေမယ့် ရူတင်ချိန် ရှိတာမို့ ​ဝေဟင် မြန်မြန်​လေး မျက်နှာသစ်ပြီး ခြေ၊လက် သန့်စင်ရသည်။ လက်​ကောက်ဝတ်​နေရာမှ '9' ဆိုသည့် Tattoo​လေးကို ​ရေမစို​ရ​အောင်​ ​ဝေဟင် အထူးဂရုစိုက်ရသည်။

" ​နောက်မှ သတ္တိ​မွေးပြီး Tattooအစစ်သွားထိုးဦးမယ်။ အခု​တော့ Tattooထိုးရမှာ အသည်းယားပြီး ​ကြောက်​နေ​သေးတယ်။ "

​ရေချိုးခန်းထဲမှ ပြန်ထွက်လာပြီး​နောက် အိပ်​ပျော်​နေ​သော ​နေနိုင်း၏ မျက်နှာကို ​ဝေဟင် ​နောက်တစ်ကြိမ် ကြည့်ပြီး ​နေနိုင်း၏ ထင်း​​နေ​သော ​မေးရိုးနှင့် လည်​​စေ့​နေရာ​လေးကို ​ခပ်ဖွဖွ နမ်းလိုက်သည်။ ပြီးမှ မီးဖို​ချောင်ထဲ သွားလိုက်သည်။

" ​ပေါင်မုန့်မီးကင်ပြီး ​​ထောပတ်သုတ်လိုက်မယ်။ ​နွားနို့နဲ့ဆို စား​ကောင်းမှာပါ။ ​​နေဦး ... နေနိုင်းက နွားနို့ချည်းပဲ မ​သောက်တတ်ဘူးထင်တယ်။ ဟင်း!!! အစား​ဂျေးများတဲ့ က​လေး​​​တွေများ​နော် ... ​အသီး​ဖျော်ရည်ပဲ လုပ်​ပေးလိုက်​တော့မယ်။ "

​ပေါင်မုန့်​လေးချပ်ကို ယူကာ မီးကင်လိုက်ပြီး ​ထောပတ်အရင် သုတ်လိုက်သည်။ ပြီး​နောက် နှစ်ချပ်ဆီ ပန်းကန်ပြားထဲ ထည့်လိုက်သည်။ အသီး​ဖျော်ရည်အတွက် မာလကာသီး လှီး​​နေတုန်း တံခါး​ခေါက်သံ ကြားလာရသည်။

Cherry  Blossoms (Completed )Where stories live. Discover now