"အခုတလော မင်းချမ်းမွန် ဖုန်းဆက်တဲ့ အသံမကြားဘူး" ဆွေသက်က ဖိုင်တစ်ချို့ကို ဧသာဒ်ဆီ ကမ်းပေးရင်းမေးတယ်။ "သူ စာတမ်းတင်ဖို့ ကိစ္စနဲ့ အလုပ်များနေလား"
"အင်း.. သူဖုန်းမဆက်ဘူး။ အလုပ်များနေတာကြောင့်ရော.."
ဧဿာဒ်က မော့မကြည့်ဘဲ ဖိုင်ကိုလှမ်း ယူတယ်။ အထဲကစာရွက်တွေကို သာမန်ကာ လျှံကာ လှန်ဖတ်တယ်။
"ပြီးတော့ ကျွန်တော်နဲ့ ပြတ်သွားတာကြောင့်ရော"
ဆွေသက်က မျက်ခုံးပင့်ပြီး ဧသာဒ်ကို ကြည့်တယ်။ "ဘယ်လိုဖြစ်ရတာလဲ"
"ဒီအတိုင်းပြတ်သွားပြီ" ဧသာဒ်က ပေါ့ပေါ့လေးပဲ ပြောတယ်။ "ကျွန်တော် အပြင်သွားဦးမယ်။"
"ရုံးဆင်းချိန် မရောက်သေးဘူးလေ"
ဆွေသက်က အော်ပြောလိုက်ပေမယ့် ဧသာဒ်က "ရုံးကိစ္စသွားမှာ၊ ဒေါက်တာ့ဆီ"
ဆွေသက်က ဧသာဒ်ရဲ့ ဆံပင်နီညိုရောင်တွေ ကော်ရစ်တာတစ်လျှောက်ပျောက်ကွယ်သွားတာကို အမြင်ကတ်ကတ်နဲ့ ကြည့်နေမိတယ်။
"သူ ဒေါက်တာ သီဟသက်ထင်ဆီ ခဏခဏသွားနေသလိုပဲနော"
ဆွေသက်က သူ့ဘေးက ရုတ်တရက်ထွက်လာတဲ့ စကားသံကြောင့်လန့်ဖျပ်သွားတယ်။
"အသံလေး ဘာလေးပေးပါဦး အဖေရဲ့၊ ကျွန်တော်ပါ နှလုံးရောဂါရတော့မယ်"
"ဟိုကောင်လေးနဲ့ ပြတ်သွားပြီ ဟုတ်..."
"ပြောတာပဲ"
ဉီးသက်ဝေရဲ့ မျက်လုံးတွေဟာ အရောင်တောက်လာတယ်။ "သူနဲ့ မောင်သီဟကြား တစ်ခုခုဖြစ်နေပြီလို့ မထင်ဘူးလား"
"ကျွန်တော်ဘယ်သိပါ့မလဲ၊ အလုပ်ကလဲ လုပ်ရသေးတယ်။ သူ့အချစ်ရေးကို စောင့်ကြည့်ဖို့ အချိန်မရှိ..."
သူ့စကား မဆုံးသေးဘူး။ ဉီးသက်ဝေက ချာခနဲ နောက်လှည့်သွားတယ်။ "မင်း စောင့်မကြည့်နိုင်ရင် ငါစောင့်ကြည့်မှာ"
"မလုပ်ပါနဲ့ .. ဘာတွေ ပေါက်ကရလုပ်ဉီး မလို့လဲ"
ဉီးသက်ဝေက နားထောင်မနေဘူး။ လူငယ်လေးလို ကော်ရစ်ဒါ တစ်လျှောက် တက်ကြွစွာပဲ လျှောက်သွားတယ်။
![](https://img.wattpad.com/cover/289202947-288-k963591.jpg)
YOU ARE READING
မောင့် မာရီဂိုးလ်
Romanceမာရီဂိုးလ် ပန်းလေးတွေဟာ နေရဲ့ အရောင်နဲ့ ဆင်တူတဲ့ အဝါရောင် ကို ပိုင်ဆိုင်ထားတယ်။ သူတို့ဟာ ပျော်ရွှင်ခြင်းနဲ့ နွေးထွေးခြင်းကို ကိုယ်စားပြုတယ်။ ကံကောင်းခြင်းကို ပေးစွမ်းနိုင်တယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ လွမ်းဆွတ်ခြင်းနဲ့ အဆုံးမဲ့ နောင်တရဲ့ ပြယုဂ်ဖြစ...