အပိုင်း ၆

585 70 17
                                    

Unicode

ဧသာဒ်ဟာ မှတ်မိနေတဲ့ လမ်းလေးတစ်လျှောက် ကားကိုမောင်းလာခဲ့တယ်။ အမှတ် မှားစရာ မရှိအောင်ကွဲပြားနေတဲ့ ခြံဝန်းလေးရှေ့မှာ ကားကိုရပ်လိုက်တယ်။ သော့ခတ်ထားတဲ့ အနက်ရောင် ခြံတံခါးကို ဖွင့်ဖို့ ဘေးခုံကလူကို နှိုးချင်တယ်။  အဲဒီလူဟာ ကားမှန်ကိုမှီပြီး အိပ်ပျော်နေတယ်။ 

"ဒီမှာ.."

"ဒီမှာ.."

ဧသာဒ်က အဲဒီလူရဲ့ ပခုံးကို လှုပ်နှိူးလိုက်ပေမယ့် အဲဒီလူက နိုးလာရမယ့်အစား ကိုယ်ကို နည်းနည်းလှုပ်လိုက်ပြီး သက်တောင့်သက်သာ ဖြစ်မယ့်ပုံစံကိုပြောင်းလိုက်တယ်။

"ရောက်ပြီလေ။ ထတော့..."

ဧသာဒ်ဟာ အဲဒီလူရဲ့ လက်ကို ပုတ်ပြီး နှိုးတယ်။ ဒါပေမယ့် သီဟသက်ထင်ဟာ နိုးလာချင်တဲ့ ပုံပေါ်မနေဘူး။

အဲဒီအချိန်မှာ ဖုန်းသံမြည်လာခဲ့တယ်။ ဖုန်းခေါ်တဲ့သူက သူ့အစ်ကိုကြီးဆွေသက်ဖြစ်တယ်။ ဧသာဒ်ဟာ သီဟသက်ထင်ကို နှိူးဖို့ကြိူးစားရင်း ဖုန်းကို ကိုင်တယ်။ မျက်မှောင်ကို နည်းနည်းကြုတ်ထားတယ်။ 

ခဏနေတော့ ဧသာဒ်ရဲ့ မျက်ခုံးနှစ်ခုဟာ တစ်ခုနဲ့ တစ်ခု ထိတော့ မတတ်ဘဲ။ အကြောင်းအရင်းက လိုင်းတစ်ဖက်က အဓိပ္ပါယ်မရှိတဲ့ စကားကြောင့် ဖြစ်တယ်။ 

"ဘာကြီး"

"အဖေက သူ့မှာ အရက် အလာဂျီရှိတာ ဘယ်လိုသိလဲ" 

ဧသာဒ်က ပြောရင်း မနိုးတမ်း အိပ်နေတဲ့ သီဟသက်ထင်ရဲ့ နှာဖျားကို လက်နဲ့ စမ်းကြည့်တယ်။ အသက်ရှူနေသေးတာကို တွေ့မှ စိတ်သက်သာရာ ရ သွားတယ်။ 

"အခု သူက အကောင်းကြီးပဲလေ...."

"ကျွန်တော်က ဘာလို့စောင့်အိပ်ပေးရမလဲ။ ဒါဘယ်လို အရူးစကားလဲ"

"ဟယ်လို.. ဟယ်လို..."

ဧသာဒ်ဟာ ဆဲရေးချင်တယ်။ ဒါပေမယ့် သူ့အဖေမို့ ဆဲလို့ကလဲ မရပြန်ဘူး။

သူဟာ ခေါင်းကို ခါလိုက်ရင်း သီဟသက်ထင်ကို ကြည့်လိုက်တယ်။ အဲဒီလူဟာ ကားမှန်ကို မှီပြီး မျက်လုံးတွေကို မှိတ်ထားတုန်းပဲ။ ဧသာဒ်ဟာ သူ့အဖေကိုရော သီဟသက်ထင်ကိုရော လက်လျော့ အရှုံးပေးလိုက်တယ်။ သီဟသက်ထင်ရဲ့  ပိုက်ဆံအိတ်ကို ယူလိုက်တယ်။ အဲဒီထဲက သော့တွဲတစ်တွဲကို ထုတ်ယူလိုက်တယ်။ 

မောင့် မာရီဂိုးလ်Donde viven las historias. Descúbrelo ahora