အပိုင်း ၇

258 43 3
                                    

"ညသန်းခေါင်ကြီးကို ဘာကိစ္စရှိလို့လဲ" ဆွေသက်က ခေါင်မိုးထပ်ပေါ််ကို ရောက်ရောက်ချင်း မေးလိုက်တယ်။ 

ဧသာဒ်ဟာ ဝရံတာကို ကျောမှီပြီး ဆေးလိပ်သောက်နေတယ်။ ကြယ်ရောင် တလက်လက်တောက်ပ နေတဲ့  ကောင်းကင်နောက်ခံ မှာ သူ့ရဲ့  နီညိုရောင်ဆံပင်ရှည်တွေဟာ ပွရှုပ်နေတယ်။ 

ဧသာဒ်ဟာ သူ့အစ်ကိုကို လှမ်းကြည့်ပြီး ဆေးလိပ်ကို ခပ်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်တယ်။ အစီခံထိ တိုဝင်သွားတဲ့ ဆေးလိပ်ကို ကြမ်းပေါ်ကို ပစ်ချပြီး ခြေထောက်နဲ့ နင်းပြီး မီးသတ်လိုက်တယ်။ 

ပြီးတော့ ဘောင်းဘီ အိတ်ထဲက ဖုန်းကို ထုတ်တယ်။ ဓာတ်ပုံ တစ်ပုံကို ဖွင့်လိုက်ပြီး သူ့ အစ်ကိုဆီ ဖုန်းကို ထိုးပေးလိုက်တယ်။

ဖုန်းကို ကြည့်ပြီး ဆွေသက်ရဲ့ မျက်နှာဟာ ရှုပ်ထွေးသွားတယ်။ 

အဲဒီ ဓာတ်ပုံထဲမှာ ကလေးငယ်ငယ်လေးတွေ အများကြီး အုပ်စုဖွဲ့ ရပ်နေကြတယ်။ အားလုံး ပြုံးပျော် နေကြတယ်။ ကလေးတွေရဲ့ နောက်မှာ သူတို့ လိုပဲ ရယ်မောနေတဲ့ အမျိူးသား တစ်ယောက်ရပ်နေတယ်။ မျက်နှာလေး သေးသေးလေးပဲ ပေါ်နေ ပေမယ့် လုံးဝ မလွဲနိုင်ဘူး။ 

သေချာပေါက် အဲဒီလူပဲ။ 

ဝေသက်ရဲ့ ချစ်သူ ဆိုတဲ့ သူ.....

"အဲဒါ ဘယ်နေရာလဲ" ဆွေသက်က ဖုန်းကို ပြန်ပေးရင်း မေးလိုက်တယ်။

အခုပဲ အဲဒီလူဆီလိုက်သွားချင်နေတဲ့ ပုံပေါ်နေတယ်။ အမှောင်ရိပ်ထဲ ရောက်မနေတဲ့ မျက်နှာ တစ်ခြမ်းဟာ နီရဲနေတယ်။

"ဆူဒန်" ဧသာဒ်က ဆေးလိပ်အသစ်ကို မီးညှိလိုက်တယ်။ "‌ ကလေးငယ်တိုင်း ပညာသင်ခွင့် ရရှိရေး အတွက် အဖွဲ့အစည်း တစ်ခုက ဖွင့်တဲ့ ကျောင်းမှာ အလုပ်လုပ်နေတာ"

"ခွေးမသား... သူ့ ကလေးကိုကျ သတ်ပစ်ပြီး...ကလေး သူငယ် များ ပညာသင်ခွင့် ဟုတ်လား..."

ဆွေသက်ရဲ့ အသံဟာ ဒေါသကြောင့် တိမ်ဝင်သွားတယ်။ 

"လေယာဉ်လက်မှတ် ဖြတ်လိုက်မယ်" ဆွေသက်က ပြောပြီး သူ့ဖုန်းကို ဆွဲထုတ်တယ်။ 

မောင့် မာရီဂိုးလ်Donde viven las historias. Descúbrelo ahora