အပိုင်း ၃

517 88 36
                                        


Unicode

"ဟေး"

ထုတ်လုပ်ရေးအဖွဲ့က လူတွေဟာ ပျော်ရွှင်စွာပဲ အော်ဟစ်လိုက်ကြတယ်။

အကြောင်းအရင်းကတော့ ယုနန်း‌ဟော်လို့ခေါ်တဲ့ မိန်းမဟာ ဧသာဒ် သေချာသင်ကြားပေးလိုက်တဲ့ ဝယ်ယူရေး အဖွဲ့က မိန်းကလေးရဲ့လက်ကို လွယ်လွယ်လေးပဲ လှဲချလိုက်လို့ပဲ။ ပြီးတော့ ဂုဏ်ယူဝံ့ကြွားစွာပဲ အဖွဲ့ထဲကလူတွေနဲ့ လက်ဝါးရိုက်ပြီး အောင်ပွဲခံနေကြတယ်။

ရှုံးသွားတဲ့ ဝယ်ယူရေး အဖွဲ့က မိန်းကလေးဟာ နည်းနည်းနာသွားတဲ့ သူကလက်လေးကိုကိုင်ရင်း မျက်စိသူငယ် နုားသူငယ် ဖြစ်နေတယ်။ သူ့အတွက်ရှုံးတာထက် ဆိုးတာက ဧသာဒ်က မကြည်တဲ့ အကြည့်နဲ့ လိုက်ကြည့်နေလို့ပဲ။

ဧသာဒ်ဟာ တကယ့်ကို မကြည်တော့ဘူး။

အဲဒီယုနန်း‌ဟော်ဟာ ဌာန တစ်ခုချင်းစီက မိန်းကလေးတွေရဲ့လက်ကို သာသာလေး လှဲချသွားပြီး အမျိုးသမီး လက်လှဲပြိုင်ပွဲရဲ့ ပထမ နေရာကို ယူသွားပြန်တယ်။ ဒါဟာ ထုတ်လုပ်ရေးရဲ့ စတုတ္တမြောက် ပထမဆုဖြစ်တယ်။

ဒီလိုဆိုတော့ အမျိုးသား လက်လှဲပွဲမှာ ဧသာဒ်ရဲ့ အခြေအနေကရော....

ဧသာဒ်ရဲ့ ပြိုင်ဘက်ဟာ ခြောက်ပေလောက် အရပ်ရှိပြီး သန်မာထွားကြိုင်းတဲ့ အိိန္ဒယသားကြီးဖြစ်တယ်။ တခြားဌာန အသီးသီးက ပြိုင်ပွဲဝင်တွေဟာ အဲဒီ အိန္ဒိယလူမျိုုးကို အကြည့်နဲ့တင် အရှုံးပေးလိုက်ရသလိုပဲ။ ဧသာဒ်ကတော့ အတတ်နိုင်ဆုံး တောင့်ခံထားပေမယ့်လေ...

"အဲဒီ အိန္ဒိယလူမျိူးရဲ့ လက်မောင်းတစ်ခုကပဲ ငါးပေလောက်ရှည်ပြီး လုံးပတ်က ကျွန်တော့် ခြေသလုံးလောက်ရှိတယ်" ဒီစကားကို မရှုမလှ ရှုံးနိမ့်ပြီးတဲ့ နောက်မှာ ဧသာဒ်က ဆွေသက်ဆီကို ရပ်ခံပြောဆိုခဲ့တာဖြစ်တယ်။ စိတ်ဆိုးပြီး လက်နာနေတဲ့ ဧသာဒ်ရဲ့ စကားကို နားထောင်ပြီး ဆွေသက်ဟာ သေမလိုရယ်နေရတယ်။

ဧသာဒ်ကို ပိုပြီးစိတ်ဆိုးစေတာက အဲဒီ အိန္ဒိယသားဟာ ထုတ်လုပ်ရေး ဌာနက ဖြစ်နေတာပဲ။

မောင့် မာရီဂိုးလ်Donde viven las historias. Descúbrelo ahora